-
သတ္တဌာန (၇) ဌာန
၁။ ဗောဓိကင်နှင့် ရွှေပလ္လင် (ပထမသတ္တာဟ)ပထမသတ္တဟသည် ဗောဓိပင်နှင့်ရွှေပလ္လင်ဖြစ်ပါသည်။ အပရာဇိတပလ္လင်တော်သည် ဗောဓိပင်ကြီးနှင့် စေတိတော်ကြားတွင်တည်ရှိပြီး အလျား (၇) ပေ (၁၀) လက်မ၊ အမြင့် (၃) ပေရှိ၍ ကျောက်တုံးကို ထုလုပ်ထားပါသည်။ယခုမြင်ရသော ဗောဓိပင်သည် မူလဗောဓိပင်မဟုတ်တော့ပါ။ မူလဗောဓိပင်၏ တောင်ဘက်ကိုင်းကို သီရိဓမ္မာသောကမင်းကြီး၏ သားတော်နှင့်သမီးတော်တို့မှ အဓိဋ္ဌာန်ပြု ဖြစ်ယူ၍ သီဟိုနီုင်ငံတွင် စိုက်ပျိုးထားရာ ယနေ့တိုင်ဖူးမြင်နိုင်ပါသည်။ ယခုတွေ့ရသော ဗောဓိပင်သည် ၁၈၇၀ ခု ကျောက်စာမင်းကြီး ကံနင်ဟန်မှ ယခင်အပင်အိုကြီး၏ မျိုးစေ့မှ ယူထားသော အပင်ငယ်ဖြင့် စိုက်ပျိုးထားသော ဗောဓိပင်ဖြစ်ပါသည်။ ဗောဓိပင်ကိုနောက်မှီပြု ၍ အပင်ရင်းပလ္လင်တော်၌ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူကြေင်း ပြဆိုခဲ့ပြီးဖြစ်၍ ဗုဒ္ဒဘာသာဝင်တို့ ရှိခိုးပူဇော်ထိုက်သော စေတီ (၄) မျိုးအနက် ပရိဘောဂစေတီတော်ဖြစ်၍ ရိုသေရှိခိုးပူဇော်ပါက အကျိုးများနိုင်ပါသည်။မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ တွင် ငါသည် ဤအပရာဇိတပလ္လင်ကိုရရှိဖိုရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှ ပါရမီ (၁၀) ပါးတရားတို့ကို ဖြည့်ဆည်းခဲ့ရသည်။ ငါ၏ခန္ဒာကိုယ်၊ သား၊ သမီး၊ ဇနီး၊ တို့ကိုလည်းပေးလှူ ခဲ့ရပြီ။ ၍ပလ္လင်သည် မာရ်ငါးပါးကို တစ်စမကြွင်း အရှင်အောင်းသောပလ္လင်ဖြစ်သည် စသည်ဖြင့်ဥဒါန်းကျူးရင့် ရွင်လန်းဝမ်းမြောက်ခြင်းဖြစ်ကာ ထိုအပရာဇိတပလ္လင်ထက်တွင် ခုနှစ်ရက်ကြာမျှ ဈာန်သမာပတ်ဝင်စားလျက် ပဋိစ္စသမုပ္ပါဒ်တရားတို့ကိုဆင်ခြင်ပြီး ပလ္လင်္ကသတ္တဟ စံတော်မူသည်။
၂။ အနိမိသစေတီတော် (ဒုတိယသတ္တာဟ)စေတီတော်မြတ်ကြီး၏ အရှေ့မြောက်ထောင့် ကုန်းမြင့်ပေါ်မှာ တည်ရှိပါသည်။ ဥာဏ်တော်မှာ (၅၅) ပေရှိ၏။ လိုဏ်ဂူမုဒ်ဦး၏ အတွင်းတွင် ဘုရားဦးရုပ်ထုတော် တည်ရှိပါသည်။ မြတ်စွာဘုရားသည်ဘုရားဖြစ်တော်မူပြီးနောက် စေတီတော်နေရာတွင် ရပ်တော်မူပြီး ဗောဓိပင်နှင့် ရွှေပလ္လင်ကို ခုနှစ်ရက်ပတ်လုံး တစိမ့်စိမ့် ရှုစားတော်မူရာ ဌာနဖြစ်တော်မူပါသည်။မြတ်စွာဘုရားသည် အရဟတ္တဖိုလ် သမာပတ်မှ ထတော်မူ၍ နတ်ဗြဟ္မာတို့၏ မယုံမှာကို ဖယ်ခွာရန် ကောင်းကင်သို့ပျံတက်လျက် ရေမီအစုံစုံ တန်ခိုး ပြာဋိဟာကို ပြတော်မူသည်။ ထိုနောက် သဗ္ဗညုတဥာဏ်တော်ရရှိရာ နေရာဖြစ်သော မဟာဗောဓိပင်နှင့် အပရာဇိတပလ္လင်တော်ကို မျက်လုံးတော်မမှိတ်ဘဲ ခနှစ်ရက်မှ စူးစူးစိုက်စိုက်ကြည့်ကာ အနိမိသသတ္တဟစံတော်မူသည်။
၃။ ရတနာစင်္ကြန်တော် (တတိယသတ္တာဟ)စေတီတော်ကြီး၏နောက်ဘက်ကပ်လျှက် တည်ရှိနေပါသည်။ အလျှား (၆၀) အနံ (၄) ပေ အမြင့် (၃) ပေ အုပ်ခုံပေါ်တွင် ကြွချီရာခြေတော်ရာအဖြစ် ကြာပွင့် (၁၉) ပွင့် ထုလုပ်ထားပါသည်။ ပလ္လင်တော်နှင့် အနိမိသဌာန (၂)ကြား၌ ရတနာစင်္ကြန်တော်ဖန်ဆင်၍ ခုနှစ်ရက်တိုင်တိုင် စင်္ကြန်ကြွတော်မူပါသည်။ နတ်ဗြဟ္မာများက မြတ်စွာဘုရားသည် ခုနှစ်ရက်တိုင် ပလ္လင်တော်ကို စိုက်ကြည့်ခြင်းသည် ကိလေသာရှိသေးကြောင်း အထင်လွဲကြ ကုန်၏။ ထိုအခါမြတ်စွားဘုရားရှင်က အထင်လွဲမှုကိုပယ်ဖျက်ရန် ကောင်းကင်၌ ရတနာစင်္ကြန် ဖန်ဆင်းတော်မူသည်။မြတ်စွာဘုရားသည် အပရာဇိတပလ္လင်တော်နှင့် အနိမိသစေတီတော်တို့၏ အကြား အရှေ့အနောက် အလျှားရှိသော နတ်ဗြဟ္မာတို့၏ဖန်ဆင်းအပ်သည့် ရတနာစင်္ကြန်၌ ဖလသမာ ပတ်ဝင်စားရာမှ ခုနှစ်ရက်မျှ စင်္ကြန်လျှောက်လျှက် စက္ကမသတ္တာဟ စံတော်မူသည်။
၎။ ရတနာဃရရွှေအိမ်တော် (စတုတ္ထသတ္တာဟ)စေတီတော်ကြီး၏ အနောက်ယွန်းယွန်း ပေ (၃၀၀) ခန့်အကွာတွင်ရှိသည်။ ၁၄ ပေ x ၁၁ ပေ ကျယ်ဝန်းသော တိုက်ခန်းတစ်ခုဖြစ်သည်။ အတွင်၌ဗောဓိသတ္တရုပ်ထုရှိပါသည်။ နတ်တို့ဖန်ဆင်းသော ရတနာဃရ ရွှေအိမ်တော်တွင် ခုနစ်ရက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အဘိဓမ္မာ ခုနစ်ကျမ်းကို ဥာဏ်တော်ဖြင့်သုံးသပ်တော်မူရာ နောက်ဆုံး ပဋ္ဌာန်ကျမ်းကြီးကို ရောက်ရှိချိန်တွင် မြတ်စွာဘုရားသခင်ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ် ပေါ်ထွက်ကွန့်မြူးပါသည်။ ရောင်ခြည်တော်ခြောက်သွယ်သည် အဆုံးမရှိအနန္တအာကာသကြီးထဲသို့ ပျံ့နှံ့သွားပါသည်။မြတ်စွာဘုရားသည် မဟာဗောဓိပင်မှ အနောက်မြောက်ထောင့်အရပ်တွင် နတ်ဗြဟ္မာတို့ဖန်ဆင်းအပ်သော ရတနာဃရရွှေအိမ်၌ ခုနစ်ရက်မျှ ထက်ဝယ်ဖွဲ့ခွေစံတော်မူကာ အဘိဓမ္မာပိဋကကို သုံးသပ်ဆင်ခြင်လျှက် ရတနာဃရသတ္တာဟ စံတော်မူသည်။
၅။ အဇပါလနိဂြောဓ (ဆိတ်ကျောင်းညောင်ပင်) (ပဉ္စမသတ္တာဟ)စေတီတော်ကြီး၏ အရှေ့မုဒ်တည့်တည့် ပေ (၂၀၀) ခန့်အကွာတွင်တည်ရှိပါသည်။ အရှေမုဒ်လှေခါး ဆင်းဆင်းချင်း အလည်တည့်တည့်၌ တည်ရှိပါသည်။ ဆိတ်ကျောင်းညောင် ပင်ကိုယ်တော့မတွေ့ရတော့ပါ။ ၄င်းနေရာတွင် အသောကမင်းကြီးမှ ကျောက်တိုင်ကြီးတစ်တိုင် စိုက်ထူထားပါသည်။ မူလအမြင့်တော့မဟုတ်ပါ။ ၁၂ ပေ၊ ၁၃ ပေ ခန့် ကျိုးနေသောကျောက် တိုင်ကြီးကို အထင်ကရတွေ့နိုင်ပါသည်။မြတ်စွာဘုရားသည် မဟာဗောဓိပင်မှ အရှေ့အရပ်၌ တည်ရှိသော အဇပါလညောင်ပင်ရင်းသို့ ကြွတော်မူပြီး ခုနစ်ရက်ပတ်လုံး တရားကိုဆင်ခြင်ကာ ဖလသမာပတ်ဝင်စားလျက် အဇပလသတ္တာဟ စံတော်မူပါသည်။
၆။ မုစလိန္ဒာအိုင် (ဆဌမသတ္တာဟ)မဟာဗောဓိစေတီတော်ကြီး၏ အရှေ့တောင်အနီးတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံမှ လှူဒါန်းထားသော နဂါးပတ်ဘုရားကို ၄င်း မုစလိန္ဒအိုင်တွင် မျက်ဝါထင်ထင်ဖူးမြင်နိုင်ပါသည်။မုစလိန္ဒာအိုင်အနီး ကျီးပင်အရင်၌ ခုနစ်ရက်ပတ်လုံး သမာပတ်ဝင်စားတော်မူစဉ် ခုနစ်ရက်တိုင်တိုင် မိုးစွေ၍ လေနုအေးများလည်း တိုက်ခိုက်နေပါသည်။ ထိုစဉ် မုစလိန္ဒ နဂါး မင်းမှ အအေဒဏ်ကာကွယ်ရန် မြတ်စွာဘုရှားရှင်ကို ခုနစ်ပတ်ရိုက်ခွေ၍ မိုးမမိစေရန် အပေါ်မှ ပါးပျဉ်းအုပ်မိုး ပူဇော်ခဲ့ပါသည်။မြတ်စွာဘုရားသည် အဇပလညောင်ပင်ရင်းမှ ဖယ်ခွါ၍ မဟာဗောဓိပင်၏ အရှေ့တောင်ရှိ မုစလိန္ဒာအိုင်အနီး ကျဉ်းပင်ရင်းသို့ ကြွသွားတော်မူကာ ခုနစ်ရက်မျှ အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် မုစလိန္ဒသတ္တာဟ စံတော်မူသည်။
၇။ ရာဇာယတနလင်လွန်းပင် (သတ္တမသတ္တာဟ)မြတ်စွာဘုရားသည် ကျဉ်းပင်အရင်မှ ဖယ်ခွါပြီးလျှင် မဟဗောဓိပင်၏ တောင်ဘက် မျက်နှာရှိ လင်လွန်းပင်ရင်းသို့ကြွသားတော်မူ၍ အရဟတ္တဖိုလ်ချမ်းသာကို ခုနစ်ရက်မျှခံစား ကာ ရာဇာယတနသတ္တာဟ စံတော်မူသည်။မဟာဗောဓိပင်ကြီး၏ တောင်ဘက် ကျောက်လက်ရမ်းတိုင်းနှင့် ကိုက် (၂၀) အကွာတွင်ရှိ ပါသည်။ မြတ်စွာဘုရားရှင်သည်၊ လင်လွန်းပင်ရိပ်၌ သတ္တမ ခုနစ်ရက်ပတ်လုံး ဖလသမာပတ် ဝင်စားတော်မူပါသည်။(၄၉) ရက်မြောက်သောနေ့၌ လှည်ကုန်သည် တဖုဿ နှင် ဘလ္လိကတို့ ပေါက်ပေါက်ဆုပ်နှင့် (ပျားနို့ဆွမ်း) ဆက်ကပ်သောနေရဖြစ်ပေသည်။ မူလလင်းလွန်းပင်နေရာ တွင် မြန်မာနိုင်ငံမှ ခြေလျှင်ဟောင်တက် အသင်း ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှုကြီး ဦးလှအောင်မှ လင်းလွန်းပင်တစ်ပင်စိုက်ပျိုးခဲ့ပါသည်။
ပုံမပါဒါတွေကိုနောက်မှပြန်တင်ပေးပါမည်သည်းခံကြပါ။
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။