-
ကုသိနာရုံသမိုင်း
ကုသိနာရုံမှာ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူရာဌာ ဖြစ်သည်၊ မြောက်ဘက်သို့ ဦးခေါင်းတော်လှည့်၍ အနောက်ဘက်သို့မျာက်နှာတော် မူကာ ထုလုပ်ထားသော လျှောင်းတော်မူ ပုံများကို ကုသိနာရုံပုံတော်ဟု ခေါ်ကြသည်၊ ကုသိနာရုံ၌ အသောကမင်းကြီး၏ ကျောက်တိုင်များကို ရှာမတွေ့ရသေးချေ၊ သို့ရာတွင် အသောကကျောက်တိုင်များ ရှိကြောင်းကို တရုက်ရဟန်တော် ဟူယင်ဆန်က မှတ်တမ်းတင်ခဲသည်၊
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် မကြာမီ မလ္လနိုင်ငံကို အုဇာတသတ် သိမ်းပိုက်၍ မဂဓတိုင်းအတွင်းသို့ သွပ်သွင်းခဲ့သည်၊အေဒီ ၅-ရာစုက တရုပ်ရဟန်တော် ဖာဟိယန်က ပျက်စီးနေသော ဘုန်ကြီးကျောင်းများ တွေ့ရှိရကြောင်းမှတ်တမ်းတင် မှတ်တမ်းတင်တွေ့ရှိရသည်၊ ထိုပြင် အေ ၅-ရာစုတွင် ဟရိဗလသာဓိမိကစေတီတော် တည်ဆောက်ခဲကြောင်း မှတ်တမ်းတင် တွေ့ရှိသည။၁၈၅၂ ခုနှစ်၌ ကျောက်စာဌာနက စတင်တူးဖော်သည်၊ ဘုန်ကြီးကျောင်းမျးအတွင်း၌ မီးလောင်ထားသော ပစ္စဉ်းများနှင့် လူရုံးများ တွေ့ရှိရသည်ကိုထောက်ထား၍ ရန်သူများ ရဟန်တော်များကို အရှင်လတ်လတ် မီးရူးသတ်ဖြတ်လိုက်ကြောင်း အထောက်အထားဖြစ်သည်၊ ဤအဖြစ်ဆိုးမှာ ၁၂-ရာစုအတွင်းက အိန္ဒိယနိုင်ငံလုံး ဗုဒ္ဓဘာသာရဟန်းတော်များ ညီတူညီမျှခံစားခဲခြင်းပေတည်း၊ တူးဖော်ခြင်းမပြုမီက ထိုဒေသကို သစ်ပင်ချုံ နွယ်များ ဖုံးအုပ်လျှက်ရှိသည်။ဤကုသိနာရုံကို ပထမဆုံး စောင်ရှောက်ခဲသူမှာ အိန္ဒယတိုင်းရင်းသား ဆရားတော်မဟာဝိရဖြစ်သည်၊ ဆရာတော်မဟာဝီရသည်၊ ၁၈၅၇-ခုနှစ် ဗြိတိသျှတို့ကို ပုန်ကန်သော သပုံဗိုလ်ကြီး ကွန်ဝါးဆိုင်း၏ ဆွေမျိုးဖြစ်၍ ပုန်ကန်မှု၌ပါဝင်ခဲသည်၊ ကွန်ဝါးဆိုင်း ကျဆုံးသွားသောအခါ ဆရာတော်မဟာဝိရသည် ကြေးစားနပန်းသမားအဖြစ် အသက်မွေးနေထိုင်ခဲသည်၊ ထိုမှတဖန် သီဟိုကျွှန်းသို့ရောက်၍ ဗုဒ္ဓဘာသာသို့ကူးပြောင်ပြီးလျှင် မြင့်မြတ်သော ရဟန်းတော်အဖြစ်သို့ရောက်ရှိခဲသည်၊ ရဟန်းခံပြီးနောက် ကုသိနာရုံသို့လာရောက်နေထိုင်၍ ဇရပ်ဆောက်လုပ်လှူဒါန်းခဲသည်၊ ရခိုင်ပြည်မှ ရခိုင်အမျိုးသား ဆရာတော်ဦးစန္ဒြမဏိသည်၊ ကုသိနာရုံ၌ ရဟန်တော်မဟာဝိရနှင့် တွဲဖက်၍ ရွှီစားရွှီ၏ ဇရပ်ဆောက်လုပ်မှုကို ကူညီဆောင်းရွှက်ခဲသည်၊ မဟာဝိရကွယ်လွန်သောအခါ ဆရာတော်ဦးစန္ဒြမဏိက ဆက်လက်တာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက်ခဲ့သည်၊ဦးစန္ဒြမဏိသည် ဘာသာရေးပွဲတော်များကို ကျင်ပပြုလုပ်၍ တိုင်းရင်းသားတို့ကို ဗုဒ္ဓဘာသာဘက်သို့ ဆွဲဆောင်ခဲသည်၊ မြတ်စွာဘုရားဖွားတော်မူသောနေ့ ဝီသာခါပွဲတော်ကို တစ်လတိတိကျင့်ပ၍ တိုင်းရင်းသာသိန်းပေါင်းများစွာကို ကုသိနာရုံသို့ သွယ်ဆောင်ခဲသည်၊ ထိုအပြင် ဆရာတော်ဦးစန္ဒြမဏိသည် ကုသိနာရုံ၌ ပထမဆုံး မူလတန်းကျေင်းတစ်ခုကို တည်ဆောက်ခဲသည်၊ယခုအခါ ဆရာတော်ဦးစန္ဒြမဏိသာသနာပြုမှုကြောင်း အိန္ဒိယနိုင်ငံတိုင်းရင်းသားများ သိန်ပေါင်းများစွာတိုသည်၊ ဗုဒ္ဓဘာသာဝင်များဖြစ်ခဲကြသည်၊ အိန္ဒိယနိုင်ငံ တရားဝန်ကြီး ဒေါက်တာ အမ်ဘေတကာသည် ဦးစန္ဒြမဏိအထံ၌ သရဏဂုံနှင့် သီလကိုခံယူဆောက်တည်၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲသည်၊ ဆရာတော်ဦးစန္ဒြမဏိ ရဟန်းခံပေးခဲသော အိန္ဒိယနိုင်ငံသား နှင့် နီပေါနိုင်သားရဟန်းတော်ပေါင်းများစွာ ရှိပေသည်၊ နာမည်ကျော်ကြားသော စာရေးဆရာ ရာဟုလာသံကစ္စည်းသည် ဆရာတော်ဦးစန္ဒြမဏိထံ၌ ရဟန်းပြုခဲသည်။
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။