• မူလဂဏ္ဍကုဋိတိုက်


    ဤဘုရားကျောင်းကို မိဂဒါဝုန်တွင် ဗုဒ္ဓမြတ် သီတင်းသုံးတော်မူစဉ်အတွင်း မူလကဏ္ဍကုဋိ(အဆောက်အအုံငယ်) နေရာတွင် တည်ဆောက်ထားသည်။ ထိုကြောင့် ဤအမည် မူလဂဏ္ဍကုဋိကိုရခြင်းဖြစ်သည်။ နှောင်းခေတ် ရာစုနှစ်ပေါင်းများတွင် မူလဂဏ္ဍကုဋိသည် အဆောက်အအုံကြီးအဖြစ်သို့ တိုးတက်ပြောင်းလဲသွားခဲ့သည်။ ဟူယင်ဆန်သည် ဤအဆောက်အအုံကို တွေ့မြင်ပြီး ဤသို့ဆိုသည်-ဧရာမ ဝင်းကြီးထဲ၌
    အမြင့်ပေ ၂၀၀-ခန့်မြင့်သည် ဘုရားကျောင်းတစ်ခုရှိသည်။ အမိုးပေါ်တွင် ထွင်းထုထားသည့် ရွှေရောင်သရက်သီးပုံတစ်ခုရှိသည်။
              အဆောက်အအုံ၏ အုတ်မြစ်နှင့် လှေကားတို့မှာ ကျောက်သားပကတိဖြင့်ပြုလုပ်ထားသည်။ မျှော်စင်များနှင့် ကလိုင်ငယ်များကိုသာ အုပ်များဖြင့်ပြုလုပ်ထားသည်။ နံရံကလိုင်ငယ်များမှာလေးဘက်လုံး၌ ဆက်တိုက် လိုင်တန်တစ်ရာဖြင့် စီမံထားသည်။ ကလိုင်တိုင်းတွင် ဗုဒ္ဓရှင်တော်မြတ်၏ ရွှေရောင်ဆင်တုတော် တစ်ဆူစီရှိသည်။ ဘုရားကျောင်း၏အလယ်တွင် ဗုဒ္ဓကြေးဆင်းတုတစ်ဆူရှိသည်။ ယင်းဆင်းတုတော်သည် ပကတိအရွယ်ရှိပြီး တရားစကြားကိုလည်း (ဟောကြား) နေသည့် ပုံကိုသရုပ်ဖေါ်ထားသည်။ -နံရံများ၏ ထူထဲမှုက မူလဂဏ္ဍကုဋိသည် ဟူယင်ဆန် ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်နိုင်ကြောင်း ညွန်ပြထားသည်။ နံရံတွင်မြုပ်နေသော ပန်းပုရုပ်ပါ ကျောက်တုံးအပိုင်းအစ အဟောင်းများသည် ယင်း(မူလဂဏ္ဍကုဋိ) အဆောက်အအုံအား ယခင်အဆောက်အအုံအဟောင်း အစိတ်အပိုင်းများကို ပြန်သုံးပြီး အနည်းဆုံး တစ်ကြိမ်တည်ဆောက်ခဲ့ကြောင်း ညွန်ပြနေသည်။ ဘုရားကျောင်း၏ လက်ရှိပုံသဏ္ဍာန်မှာ ဂုတ္တခေတ်ဦးပိုင်း ပုံသဏ္ဍာန် တည်ဆောက်ထားခြင်းဖြစ်သည်။
              မူလဂဏ္ဍကုဋိတိုက်၏ အနောက်ဘက်ကပ်လျှက်တွင်ရှိသည့် စေတီငယ်များအကြားမှ ဓမ္မစက္ကပဝတ္တနသုတ္တန်အပိုင်းအစများ ရေးထွင်းထားသည့် ကျောက်ထီးအပိုင်းအစများ တွေ့ရှိရသည်။ ၄င်းစာမှာ (ရဟန်းတို့၊ မြင့်မြတ်သော(အရယ)သစ္စာလေးပါးရှိပေသည်။ အဘယ်လေးပါးတို့နည်း ဟူမူ ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား၊ ဆင်းရဲငြိမ်းကြောင်းအမှန်တရား၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်)သို့ရောက်ကြောင်း အမှန်တရားဖြစ်ပေ၏) ဟုဖြစ်သည်။ အေဒီ ၃-ရာစုဟု ခန့်မှန်းရသည့် ဤကျောက်စာကို ပါဠိဘာသာဖြင့်ရေးထိုးထား၏။ ထိုအချိန် ကမိဂဒါဝုန်တွင် ပါဠိတိပိဋက ထင်ရှားပြီး အသုံးပြုခြင်းဖြစ်ကြောင်းထင်ရှားသည်။ ဤစိတ်ဝင်းစားဖွယယ် ကျောက်စာကို ယခုအခါ မိဂဒါဝုန်ပြတိုက်တွင်ပြသထားသည်း

မဇ္ဈိမတရားဝိုင်း