• ဆောခဏ္ဍီစေတီတော်


    ပဉ္စဝဂ္ဂီငါးဦးတို့သည် မြတ်စွာဘုရားလာလျှင် မကြိုကြစတမ်းဟု ကတိကဝတ်ထားခဲကြသည်၊ သို့ရာတွင် မြတ်စွာဘုရား ကြလာသည်ကို မြင်လျှက် တစ်ဦးကသပိတ်၊ တစ်ဦးက သင်္ကန်းစသဖြင့် လှမ်းယူ၍ သူ့ထက်ငါ လုယက်ကာ အပြိုင်အဆိုင် ခရီးဦးကြိုဆိုခဲကြလေသည်။ အသောကမင်းကြီးသည် စေတီတည်ထားခဲလေသည် ထိုစေတီတော်ကို,ဆောခဏ္ဍီစေတီတော်, ဟုခေါ်ဆိုကြသည် အောက်ခြေအကျယ်အဝန်းကို ထောက်ဆခြင်းအားဖြင့် ၄င်းစေတီတော်သည်
    ရှေ့အခါက အလွန်ကြီးခဲဟန်ရှိသည်၊ နှစ်ကာလ အချိန်ကြာမြင့်လာသည်နှင့်အမျှ မိုးဒက် လေဒက် ရာသီဥတုဒါဏ်များကြောင့် ပြိုကျပျက်စီးသွားပါလိမ့်မည်။ ၄င်းပျက်စီးသွားသောထိပ်ပိုင်းတွင် ဘာသာခြား တိုင်းတစ်ပါးသားတို့သည် ရှစ်မျက်နှာရှိသော မျှော်စင်တည်ဆောက်ထားကြောင်းသိရှိမြင်တွေ့ ခဲ့ရပါသည်။ (၁၅၈၈)ခုနှစ်တွင် အက္ကာဘာဘုရင်သည် သူ၏ခမည်းတော် ဟွန်မယွန် စစ်ရှုံး၍ထွက်ပြေးစဉ်က ဆောခဏ္ဍီစေတီတော်၌ ပုန်းအောင်းခဲ့သောနေရာကို အမှတ်တရအဖြစ် မျှော်စင်တည်ဆောက်ခဲ့ကြောင်း သိရှိခဲ့ပါသည်။

မဇ္ဈိမတရားဝိုင်း