• ကိုယ့်ကိုပြင်ရန် အဓိဋ္ဌါန်

     
    နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စည်ရှိခိုးမယ်
    အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်
    မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ အစည်မေတ္တာပွါးပါမယ်
    သစ်ရင်းသစ်ရင်း၊ လျှော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါမယ်
    တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်
    ပြိုင်မည့်အစား၊ မေတ္တားပွါး၊ စိတ်ထားပြုပြင် ပြောင်းပါမယ်
    ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မဝင်နိုင်ကနိုင်တတ်တယ်
    နိုင်မည့်အစား၊ ဂရုဏာပွါး၊စိတ်ထားပြုပြင် ပြောင်းပါမယ်
    ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊
    မဝင်ဣဿာ၊ယိုင်တတ်တယ်
    ယိုင်မည့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်ပါမယ်
    လျစ်လျူရှုလျင်၊ ဉပေက္ခာဝင်၊ မဝင်နိုင်ကပြိုင်တတ်တယ်
    ပြိုင်မည့်အစား၊ ဉပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
    ရုပ်ကိုလည်းပြင်၊ စိတ်ကိုလည်းပြင်၊ ဆင်ခြင်တိုင်းရ၊ ပြုတိုင်းလှ၊
    သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။
    (မစိုးရိမ်ပဋ္ဌာန်းဆရာတော်ကြီး)

မဇ္ဈိမတရားဝိုင်း