-
အပ္ပမာဒ တွေ့ဆုံမေးမြန်း ဓမ္မလမ်း (အပိုင်း ၂)
အပ္ပ္ပမာဒ မေး။ အခုလို ကြားခွင့်ရတာ သာသနာတော်အတွက် ၀မ်းသာလှပါတယ်ဘုရား၊ ဆရာတော်ရဲ့ ဆောင်ရွက်ချက်များကိုလည်း ကြည်ညိုမိပါတယ်။ ပညာရေးအတွက် ဆရာတော်ရဲ့ ဆောင်ရွက်ချက်များကိုလည်း မိန့်ပါဦးဘုရား။
ဆရာတော် ဖြေ။ မဟာရဌပြည်နယ်၊ ယူပီပြည်နယ်၊ ဘီဟာပြည်နယ်၊ ရာဂျဆထန်ပြည်နယ်ရဲ့ ပညာရေး အဖွဲ့အစည်းတွေမှာလည်း ဘုန်းကြီးပါဝင်ပါတယ်။ ကုသိနာရုံ ဘိက္ခုသံဃအဖွဲ့၊ ယူပီပြည်နယ် ဘိက္ခုသံဃအဖွဲ့၊ အိန္ဒိယပြည်လုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့၊ ပရဒေသီ သံဃာ့နာယကအဖွဲ့ စတဲ့သံဃာအဖွဲ့အစည်းများစွာတို့ မှာဘုန်းကြီး ပါဝင်ခဲ့ပါတယ်။ မြန်မာကျောင်းထိုင်ဆရာတော်များ အဖွဲ့ကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃအဖွဲ့အစည်းမှာ ပြည်နယ်ဥက္ကဌ၊ တစ်ပြည်လုံး ဥက္ကဌနဲ့ ယခုလည်း သံဃနာယက တစ်ပါးဖြစ်ပါတယ်။ မြန်မာသံဃာ့နာယက အဖွဲ့မှာတော့ အထွေထွေအတွင်းရေးမှူးနဲ့ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်ကစပြီးတော့ ဆရာတော်ဦးစန္ဒြမဏိရဲ့ အလွတ်ပညာသင်ကျောင်း၊ မဟာဝီရအလယ်တန်းကျောင်း၊ ရာဓာကြိဆနာ အလယ်တန်းကျောင်း၊ ရာဟုလာကလေးကျောင်း၊ ယသော်ဓရာမိန်းကလေးကျောင်း၊ မာလတီးပန်းဒေး မိန်းကလေး အထက်တန်းကျောင်း၊ ဗုဒ္ဓဥပစာကောလိပ်၊ ဗုဒ္ဓဒီဂရီကောလိပ်တို့မှာလည်း ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နောက် မဟာရဌပြည်နယ်က ဘဂ၀န်ဗုဒ္ဓသိက္ခာပရိဆဒ်အဖွဲ့၊ မဓျပြဒေသပြည်နယ်က ဒေါက်တာအမ္ဗေဒကာရ် သိက္ခာပရိဆဒ်အဖွဲ့၊ ဘီဟာပြည်နယ်က ဘဂ၀န်ဗုဒ္ဓသိက္ခာအဖွဲ့တို့မှာလည်း ဗုဒ္ဓဘာသာ ပညာရေးရာ ကိစ္စများကို ကူညီအားပေးခဲ့ပါတယ်။
အပ္ပ္ပမာဒ မေး။ ကိုယ့်မြန်မာနိုင်ငံမဟုတ်ပဲ နိုင်ငံရပ်ခြားမှာ ဆရာတော့်အနေနဲ့ အခုလို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တာဟာ သာသနာတော်ရဲ့တန်းခိုးနဲ့ ဆရာတော်ရဲ့ ဇွဲသတ္တိလှို့ ကြည်ညိုရမှာပါဘုရား၊ နောက် တပည့်တော် သိချင်တာက ဆရာတော်ဟာ နိုင်ငံတကာ အစည်းအဝေး များကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်ဘုရား၊ အဲဒါလည်းသိလိုပါတယ်ဘုရား။
ဆရာတော် ဖြေ။ နိုင်ငံတကာ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ အစည်းအဝေးများကတော့ ၁၉၈၀ ခုနှစ်မှာ ဒေလီ၊ ၁၉၈၁ ခုနှစ်မှာ ဒေလီမြို့မှာကျင်းပတဲ့ အာရှတိုက် ဗုဒ္ဓဘာသာ ကွန်ဖရင့်၊ ၁၉၈၆ ခုနှစ်မှာ နီပေါနိုင်ငံ ကတ္တမန္ဒူမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ကွန်ဖရင့်၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပတဲ့ အာရှတိုက် ဗုဒ္ဓဘာသာ ကွန်ဖရင့်၊ နောက် ယိုးဒယား၊ ကမ္ဘောဒီယား၊ မွန်ဂိုရီးယား၊ ရုရှား၊ တူရကီပြည်များကို တက်ရောက်ပြီး တရားဟောခဲ့ရပါသေးတယ်။ ၁၉၈၇ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ကွန်ဖရင့်၊ ယိုးဒယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့ကို ရောက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ကွန်ဖရင့်၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကို တက်ရောက်ခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ၊ ဘင်္ဂဘာဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများသို့လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်လို့ ဘုန်းကြီးတက်ခဲ့ ရောက်ခဲ့ရတဲ့ အစည်းအဝေးနဲ့ မြို့တွေပါပဲ။
အပ္ပ္ပမာဒ မေး။ ဆရာတော်အနေနဲ့ တစ်ဖက် ကပညာရေး၊ အုပ်ချုပ်ရေး၊ အစည်းအဝေးများကြားထဲက သာသနာပြုလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာကိုလည်း မိန့်ပါဦးဘုရား။
ဆရာတော် ဖြေ။ ဘုန်းကြီးရဲ့ ရည်ရွယ်ချက်ကိုက သာသနာပြုရန်အတွက် အိန္ဒိယကိုကြွခဲ့တာပါ၊ ဒကာကြီးပြောသလို မအားလပ်တဲ့ကြားထဲကပဲ အိန္ဒိယနိုင်ငံ ပြည်နယ်ပေါင်း ကိုးပြည်နယ်က သိန်းပေါင်း ၂၈၀ ကျော် လူပုဂ္ဂိုလ်များကို ဗုဒ္ဓဘာသာသို့ သွတ်သွင်းပေးခဲ့ပါတယ်။ ဟိန္ဒူဟာဒူး မြောက်များစွာတို့ကို ဗုဒ္ဓဘာသာ သာမဏေနှင့် ရဟန်းဘ၀သို့ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရှင် ရဟန်း ၃၀၀၀ ခန့် သာသနာအတွင်း သွတ်သွင်းနိုင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ နာဂပူရ်မြို့က လူပေါင်း ၂၅ သိန်းကို တစ်ပြိုင်နက်တည်း ဗုဒ္ဓဘာသာ ၀င်အဖြစ် သွတ်သွင်းနိုင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ အာဂရာမြို့က လူပေါင်း ၅ သိန်းကျော်ကို ဗုဒ္ဓဘာသာသို့ သွတ်သွင်းခဲ့ပြီး။ ၁၉၉၃ ခုနှစ်မှာတော့ ပတ္တနားက လူပေါင်း ၃ သိန်းကျော်ကို ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းခဲ့ပါတယ်။ ၁၉၉၃ ခုမှာတော့ ကုသိနာရုံက လူပေါင်းတစ်သိန်းကျော်၊ သာမဏေ ၂၆၀၊ ရဟန်း ၂၁ ပါးကို ဗုဒ္ဓဘာသာအဖြစ် သာသနာပြုပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲကိုတော့ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ဏသီရိ ကိုယ်တိုင်ကြွရောက် အားပေးခဲ့ပါတယ်။ မြန်မာရုပ်မြင်သံကြားကလည်း မဇ္ဈိမဒေသ တစ်ကျော့ပြန် အစီအစဉ်ကို ပြသခဲ့ပါတယ်။ ဘုန်းကြီးအနေနဲ့ နှစ်စဉ် အောက်တိုဘာလ ၁၄ ရက်နေ့ကို ၁၉၇၂ ခုနှစ်မှစ၍ ယနေ့တိုင် နေရာတကာ ဗုဒ္ဓဘာသာ သွတ်သွင်းပွဲအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှ ယနေ့ထိ ဖေဖ၀ါရီလတွင် ဒုလ္လဘ ရှင်သာမဏေပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲများ ယနေ့ထိ နှစ်စဉ်ပြုလုပ်ခဲ့ကြတယ်။
အပ္ပမာဒ မေး။ မှန်လှပါဘုရား ဆရာတော်ကြီးရဲ့ သာသနာပြုပုံကတော့ အံမခန်းစရာပါဘုရား၊ ဆရာတော်ရဲ့ စာပေရေးသားမှုကိုလည်း တပည့်တော်ဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဆရာကြီး ဦးမောင်မောင်လေး တည်းဖြတ်တဲ့ မြတ်ပန်းဝေမဂ္ဂဇင်းမှာ ဟရိဗလ(ကုသိနာရုံ) ဆိုပြီး သာသနာပြု အတွေ့အကြုံများ ဆောင်းပါးတွေကို ဖတ်ရှုရပါတယ်။ အခြားစာပေရေးသားမှုများကိုလည်း မိန့်ကြားပါဦးဘုရား။
ဆရာတော ဖြေ။ ဘုန်းကြီးအနေနဲ့ စာပေရေးသားမှုကတော့ အိန္ဒိယနိုင်ငံက ထုပ်ဝေတဲ့ ဗုဒ္ဓဒေဆ်နှင့် အမ္ဘေဒကာ မဂ္ဂဇင်း တာဝန်ခံအဖြစ် အောင်ရွက်ခဲ့ပါတယ်။ မဂ္ဂဇင်းပေါင်း များစွာတို့မှာလည်း ကလေးစာပေ၊ မာမာဟရိဗလ အမည်နဲ့ ရေးခဲ့ပါတယ်။ နေ၀ါရီဘာသာပြန် ကထိန်အကြောင်း၊ ဆရာတော်ကြီး ဦးစန္ဒြမဏိ ထေရုပ္ပတ္တိ၊ ဟိန္ဒီ၊ အင်္ဂလိပ်ဘာသာများနဲ့ထုပ်ဝေခဲ့ပါတယ်။ ဟိန္ဒီဘာသာနဲ့ထုပ် ဓမ္မပဒကိုကျောင်းသုံးဘာသာ အဖြစ် ၉ တန်း၊ ၁၀ တန်း၊ ၁၁ တန်း၊ ၁၂ တန်း၊ ဘီအေ၊ အမ်အေ၊ တန်းများမှာ လေ့လာနိုင်ရန် ထုပ်ဝေခဲ့ပါတယ်။ မြန်မာပြည်က မဂ္ဂဇင်းများမှာတော့ ဟရိဗလ(ကုသိနာရုံ) အမည်၊ အိန္ဒိယ မောင်ဥာဏ်စိုးအမည်၊ တေဇ၀န္တအမည်နဲ့ ဆောင်းပါးစာများ ရေးသားခဲ့ပါတယ်။ ဘိက္ခုဂယာနေဆွရ် အရှင်ဥာဏိဿရ အမည်နဲ့လည်း စာပေများ ရေးသားခဲ့ပါတယ်။ (ဆရာတော်ကြီးသည် စာရေးသူကို မဇ္ဈိမဒေသ သာသနာပြုအတွေ့အကြုံများ စာအုပ်ကို ပေးလိုက်ပါသေးသည်။)
အပ္ပ္ပမာဒ မေး။ ဒီလောက်အလုပ်များတဲ့ ကြားထဲကနေ ဆရာတော် စာတွေရေးနိုင်သေးတာ အံသြစရာပဲဘုရား။ အခု ဆရာတော် မြန်မာပြည်ကို ကြွလာတာ ဆရာတော်ဦးစီးပြီး တည်ထားကိုးကွယ်တဲ့ စေတီတော်ကြီးထဲမှာ ပြသထားဖို့ ဗုဒ္ဓ၀င်ပန်းချီကားများ လာပြီးဆွဲထားတာလို့ သိရပါတယ်ဘုရား၊ ဆက်စပ်ပြီး တစ်ဆက်တည်း ဆရာတော် ကုသိနာရုံမှာ ဆောက်လုပ်ထားတဲ့ သာသနိက အဆောက်အအုံများ အကြောင်းလည်း သိပါရစေဘုရား။
ဆရာတော် ဖြေ။ သာသနိက အဆောက်အအုံတွေ အနေနဲ့ကတော့ ကုသိနာရုံနဲ့ အနီးအနားမှာ ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆောက်လုပ်ပေးခဲ့ပါတယ်။ အင်ကြင်းဥယျာဉ် စည်ပင်သာယာရေးနဲ့ မြန်မာကျောင်းမှာရေကန်၊ သာသနာပြု ဇီဝိတဒါန ဆေးရုံနဲ့ ဇရပ်များ ဆောက်လုပ်ခဲ့ပါတယ်။ အခုကမ္ဘာမှာ မြန်မာနိုင်ငံမှတစ်ပါး အကြီးဆုံးဖြစ်တဲ့ မဟာသုခံဒဒချမ်းသာကြီးစေတီတော်ကို ပတ်လည် လိုဏ်ခေါင်းအရံစေတီ ဂြိုဟ်တိုင်များနဲ့ ကြီးကျယ်ခန်းနားစွာ တည်ဆောက်ခဲ့ပါတယ်။ စေတီတော်ရဲ့ ဥာဏ်တော်ဟာ (၁၀၈) ပေရှိပြီး၊ ၂၁-၂-၂၀၀၁ နေ့မှာ ထီးတော်ကြီး တင်နိုင်ခဲ့ပါတယ်။ စေတီတော်ကြီး စတည်သောနေ့မှာပဲ ဆရာတော်၏တောင်းဆိုချက်အရ ကုသိနာရုံကို ကုသိနာရုံခရိုင်ဆိုပြီး အသိအမှတ်ပြုခဲ့ ရပါတယ်။ ၁၉၇၄ ခုနှစ်က ကုသိနာရုံတောင်းရှိပ် အမည်ရအောင်လဲ ဗုဒ္ဓဇယန္တိနေ့ကို တောင်းဆိုခဲ့ပြီး တောင်းရှိပ်ရခဲ့ပါတယ်။ မြို့နယ်သတ်မှတ်ခဲ့တယ်။
အပ္ပမာဒ မေး။ ဆရာတော်ရဲ့ သာသနာပြု အောင်မြင်မှု များဟာ အံသြဝမ်းမြောက် သာဓုခေါ်ဆိုစရာပါဘုရား၊ ဆရာတော် ကိုမြန်မာနိုင်ငံ အစိုးရကရော၊ နိုင်ငံရပါခြားကရော၊ ဘွဲ့တံဆိပ်များကိုလည်းမိန်းပါဦးဘုရား။
ဆရာတော် ဖြေ။ မြန်မာနိုင်ငံတော်အစိုးရက ဘုန်ကြီးကို နိုင်ငံခြားတိုင်းတပါးမှာနှစ်ပေါင်းများစွာ ဒုက္ခခံပြီး သာသနာခဲ့လို့ ၇၊ ၃၊ ၁၉၉၃၊ ခုနှစ်မှာ အဂ္ဂမဟာပကျပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ယူပီိပြည်နယ်အစိုးရ အတွင်းဝန်ချုပ် ကြီးမှုပြီး ၂၈၊ ၅၊ ၁၉၉၈၊ ခုနှစ်မှာ Monk in chief ဘွဲ့ထူးကိုဆက်ကပ်ခဲပါတယ်။ ဗီဟာပြည်နယ် အစိုးရကလည်း ၂၆၊ ၅၊ ၁၉၉၉၊ ခုနှစ်မှာ ဝိဆွဗုဒ္ဓရတနာ - ဝိဆွ-ဗုဒ္ဓဘာသာကောင်းရတနာ ဘွဲ့ထူးကို ဗီဟာပြည်နယ် ဂဝန်နာက ဆက်ကပ်ခဲပါသေးတယ်၊ ဒါ့အပြင် ၁၆၊ ၅၊ ၂၀၀၁၊ ခုနှစ်မှာ ဗုဒ္ဓဝိသာရဒ ဘွဲ့ထူးကိုလည်း ထပ်မံပြီး ဗီဟာပြည်နယ် ပညာရေးဝန်ကြီးက လှူဒါန်းဆက်ကပ်ခဲ့ကြပါတယ်။ ၁၉၈၅၊ ခုနှစ် ယူပီပြည်နယ် ဝန်ကြီးချုပ် မာယာဝတီက ဒဥတ်ကြိဆ်တ်ဓမ္မ ဆေးဝါထူးဆန်းအံ့သြဘွယ် ဘာသာရေးအားပေးကူညီ ဆောင်ရွက်မှုအတွက် သာသနာပြုအကောင်းဆုံးဘွဲ့နှင့် ၁၉၉၆၊ ခုနှစ်မှာ ကင်န်ပူရ် ဗုဒ္ဓဘသာများ အသင့်တော်ဆုံး သာသနာပြုဆုများ ချီးမြှင့်ခဲပါတယ်။
အပ္ပမာဒ မေး။ စာဖတ်ပရိတ်သတ်များ ဆရာတော်ရဲ့ ဘွဲ့ထူးနှင့်ဘွဲ့အမည်အပြည့်စုံကိုသိရှိ ကြည်ညိုကြစေရန်အတွက် အပြည့်အစုံ မိန့်ကြားပါဘုရား။
ဆရတော် ဖြေ။ ဘုန်ကြီးဘွဲ့ကို အပြည့်အစုံ ရေးမယ်ဆိုရင်တော့ ဒီလိုရေးရင်ဖြစ်ပါတယ်။ ကုသိရုံဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥာဏိဿရ၊ M.A (သမိုင်း) M.A (ပါဠိ) L.L.B ပါဠိသာဟိတျယရတနာဘွဲ့၊ တိဗက်ဒီပလိုမာ၊ B.A.M. ခေါ်တိုင်းရင်ဆေး ဆရာဝန်ဘွဲ့၊ ဝိဆွဗုဒ္ဓရတနာ၊ ဗုဒ္ဓဝိသာရဒ၊ Monk in chief. ဘွဲ့တံဆိပ်တော်ရဆရတော်ဆိုရင်ပြည့်စုံပါတယ်။ ဒါပေမယ့် အများသိထားတဲ့ ကုသိနာ ရုံဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥာဏိဿရ ပြည့်စုံပါပြီ၊ တကာကြီးလျှောက်ထားလို့သာဘုန်းကြီးက အပြည်အစုံကိုပြေားပြဒါပါ။
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။




