-
အပ္ပမာဒ တွေ့ဆုံမေးမြန်း ဓမ္မလမ်း (အပိုင်း ၃) အဆုံး
အပ္ပမာဒ မေး။ ကုသိနာရုံမှာ ဆရာတော်ကြီး သာသနာပြုဖို့ လျာထားချက်များဘယ်လိုစီမန်ကိန်း ချထားပါသလဲ သိပါရစေဘုရား။
ဆရာတော် ဖြေ။ ဘုန်ကြီးအနေနဲ့ ကုသိနာရုံမှာ တစ်ခုပြီးတစ်ခု လုပ်ခဲ့တဲထဲမှာကုသိနာရုံနေနဲ့ ပြေားရမယ်ဆိုရင် ကုသိနာရုံတွင် ဆရာတော်တို့ အပိုင်တနေရာထဲမှာ မြေ ဧက ၄၀ ခန်းကျယ်ဝန်းပါတယ်။ အဲဒီမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ တက္ကသိုလ်တစ်ခုတည်ဆောက်ရန် စီစဉ်ထားပါတယ်။ အဲဒီတက္ကသိုလ်မှာ ထေရဝါဒနဲ့ပတ်သတ်တာရော၊ မဟာယနနဲ့ပတ်သတ်တာရော၊ အဲဒါတွေပါမယ်၊ မဟာယနကဘယ်လို၊ ထေရဝါဒကဘယ်လို ဆိုတာတွေမဖြစ်ရအောင် နောင်အခါကျရင် ထေရဝါဒသန့်သန့်ဖြစ်သွားဘို့ရည်ရွယ်ထားပါတယ်၊ အဲဒီမှာ ကီုးရီးယားတို့ ဂျပန်တို့လည်းပါမှာပါ။ သူတို့က လုပ်နိုင်တဲ့၊ တတ်နိုင်တဲ့စွမ်းရည်ရှိတယ် သူတို့နဲ့တဖြည်းဖြည်းလုပ်ယူရမှာပါ၊ အဲ့ဒါက တစ်ခုပေါ့ နောက် အိန္ဒိယမှာ မြန်မာမင်းအဆက်ဆက် သာသနာပြုကိစ္စတွေ လုပ်ခဲတယ်ဆိုတဲ့ ကျောက်စာတွေဘတွေ အသီးသီးရှိပါတယ်၊ အဲဒီကျောက်စာတွေ ဖေါ်ထုတ်ရေးကော်မတီမှာ ဘုန်ကြီးလည်းပါတယ်၊ ဘုန်းကြီးရဲ့အယူဆကတော့ အပြင်ကနေ သာသနာပြုတာနဲ့ အတွင်းကနေပြီး သာသနာပြုတာက ပိုပြီးထိရောက်တယ်လို့ ခံယူထားပါတယ်။ အထံကိုရောက်တော့ ပြေားခွင့်ဆိုခွင့်ရှိတယ် ၊ ထေရဝါဒ သာသနာကို ပြေားခွင့်ရှိပါတယ်။ဘုန်ကြီး ရောက်ရောက်ချင်းပဲ ဘုရားဟာ ပြတိုက်မဟုတ်တဲ့ အကြောင်း ရှင်းပြခဲရပါတယ်၊ စေားစေားတုန်းက ဗုဒ္ဓဂယာနဲ့ ကုသိနာရုံမှာ ဝင်ကြေးပေးပြီးမှ သင်ရတယ်၊ ခုတော ဘုန်ကြီးဆောင်ရွက်လို့ ဝင်ကြေးမပေးရတော့ပါဘူး၊ ဘုရားပရိဝုဏ်ဟာ ပြတိုက်မဟုတ်တဲ့အတွက် အခကြေးပေးပြီးတော့ ဝင်စရာမလိုပါဘူး၊ အထဲရောက်လိုရှိရင် သူတို့ ကြည်ညိုသဒ္ဓါရှိဒါနဲ့မျှ ၂ ကျပ်မကဘူး ၊ ၂၀၀၊ ၂၀၀၀၊ စသည်လှူမှာချည်းပဲလို့ ရှင်းပြခဲရပါတယ်။ အောင်မြင်ခဲပါတယ်၊ ပထမ တော့သူတို့က ရှေ့ဟောင်းသုတေသနဌာနအနေနဲ့ စကားပြေားသေးတယ်၊ ဘုန်ကြီးက ကျုပ်တို့ ဗုဒ္ဓဘာသာရဲ့ ဘုရာနေရာဒေသပြစ်တယ် ဌာနဆိုင်ရာအနေနဲ့ဒီလိုလုပ်ဖို့မလိုဘူး ရုံးမှအတော်စကားပြေားခဲရတယ်၊ သတ္တိရှိဖိုတောလိုအပ်ပါတယ်၊စောစောကပြေားခဲတဲ့ တက္ကသိုလ်ဆိုတာကလည်း အိန္ဒိခလေးတွေ ကိုဦးစာပေးပြီးသင်ဖိုပါပဲ။ယိုးဒယား၊ ကိုးရီးယား၊ ဂျပန် စသည်တိုကိုလည်း လပ်ခံမှာပါ ၊ သူတိုတွေပညာတတ်အောင် သင်ပေးပြီး နေရချထားပေးရမယ်၊ ဒါမှခိုင်မြဲမှာပါ၊ ကိုးရီးယာတို၊ ဂျပန်တိုမှာ၊ ဒီလိုဗုဒ္ဓဘာသာအကြောင်းကို သင်ပေးတဲ ကျောင်းတွေမရှိသေးပါဘူ၊ ဒါကြောင်းဒီမှာလက်ခံပြီး သင်ကြားပေးဖို့ပါပေး၊ အထူးအားဖြင့်တော့ အိန္ဒိယက ခလေးတွေ ပညာတတ်ဖို့အရေးကြီးတယ်၊ သူတို့ကိုလေ့ကျင့် သင်ကြားပေးပြီ လိုအပ်တဲနေရာဒေသတွေမှာ ငါးကြင်းသားကို ငါးကြင်းဆီနဲ့ကျော် ဆိုသလို အစားထိုးနေရချထားဖို လိုအပ်ပါတယ်၊ ဒါမှ အိန္ဒိယမှာ ဗုဒ္ဓဘာသာကျောင်းနဲ့ သာသနာပိုပြီးခိုင်မြဲမှာ ဖြစ်ပါတယ်။
အပ္ပမာဒ မေး။ ဆရာတော်ရဲ ရည်ရွယ်ချက် ကြီးမားဒါကို ဂုဏ်ယူပြီး သာဓုခေါ်ပါတယ် ဘုရား။ အခြေအမြစ်ကျတဲ လုပ်ငန်းများဖြစ်တယ်။ ဆက်ပြီးမိန့်ပါဦးဘုရား။ဆရာတော် ဖြေ။ ဘုန်ကြီး ဂျပန်သွားပြီး တရာဟောတော့ သူတိုကဘာလိုသလေး လိုမေးတယ်။ ဘုန်ကြီးစောစောက ရည်ရွယ်ချက်ကိုပြေားပြတယ်၊ အိန္ဒိယကမိန်းခလေးတွေဟာ အတော်များမျာဟာ စာမတတ်ကြဘူး၊ သူတိုကိုလေးသင်ကြားပေးရမယ်။ အခု ယိုးဒယားဘုန်းကြီး တစ်ပါးနဲ့ ကိုးရီးယားဘုန်ကြီးတစ်ပါး ရထားပါတယ်၊ မဟဝိဇ္ဇာအောင်းမြင်အောင်မြင်ပြီးသားပါ ရနေပါပြီ၊ နောက်ပြီတော့ B.Com, B.Sc, B.Ed တို့အောင်မြင်ပြီသားတွေ ခြောက်ယောက်ရနေပါပြီ၊ တော်တဲ့ခလေးတွေကို ထူချွန်အောင်လုပ်ပေးရမှာပါ၊ ဒါမှလည်း သူတို့မိဘတွေပါ ပါလာမှာဖြစ်တယ်။အခုလက်ရှိ ကုသိနာရုံ မြန်မာကျောင်း ဘုန်ကြီးရဲ့ကျောင်း တစ်ကျောင်းပဲရှိပါတယ်၊ (၈)ဲ ဧကရှိတယ်ကျောင်းကွင်းက၊ အဲဒီမှာ မူလတန်းကျောင်း ဆောက်ထားပါတယ် (၁) တန်းကနေပြီး (၈) တန်းအထိ၊ နောက်ထပ် ကိုးရီးယားကျောင်း၊ ဂျပန်ကျောင်း၊ ယိုးဒယားကျောင်း၊ သီဟိုကျောင်း၊ တွေအများကြီးရှိပါတယ်၊ ပညာတတ်လူငယ်တွေများတယ်၊ အိန္ဒိယမှာ ပထမဆုံးဆောက်တဲ့ မဟာပရိနိဗ္ဗာန ဓမ္မသာလာယ ဆိုတဲ့ ကျောင်းလဲရှိပါတယ်၊ ဘုရာဖူးတွေတည်းခိုဖို့ အဆောင်လည်းရှိပါတယ်၊ ဘုရားဖူး ၆၀ ခန်းတည်းခိုနိုင်ပါတယ်၊ သံဃာကတော့ မြန်မာကျောင်းတွေထဲမှာဆိုရင် ဘုန်ကြီးကျောင်းမှာ အများဆုံးပဲ ၊ ၅၀ ပါးခန်းရှိပါတယ်၊ မြန်မာနိုင်ငံက ၅ပါး ရှိပါတယ်၊ ကျန်သံဃာတွေကတော အိန္ဒိယနိုင်ငံ နဲ့ နီပေါနိုင်ငံကများပါတယ်၊ ဘုန်ကြီးစည်ရုံးထားဒါပါ။
အပ္ပမာဒ မေး၊ ခုလို ပြည့်ပြည့်စုံစုံ ရှင်းပြဒါကို ကျေးဇူးတင် ဝမ်းမြောက်လှပါတယ်ဘုရား၊ မြန်မာနိုင်ငံမှာ ယခုလို သာသနာရေးရာများ ထွန်ကားနေမှုအပေါ် ဆရာတော်ရဲ့ အကြံပြုချက်များကိုလည်း သိချင်ပါသေးတယ်ဘုရား။
ဆရာတော် ဖြေ၊ ခုလို မြန်မာနိုင်ငံမှာ သာသနာတိုးတက် ထွန်ကားနေဒါ ဘုန်ကြီး ဝမ်မြောက်ပါတယ်၊ သို့သော် အကြံပြုချင်ဒါကတော့ ဘာသာရေး စာရေးဆရာများရော၊ တိုးတက်ပြန့်ပွါးအောင် ဆောင်ရွက်နေသူများကိုရော၊ ကြံပေးချင်ပါတယ်၊ ဘုရားရှင်ရဲ့ သာသနာတော်ကို ပြန့်ပွါးအောင် ဖြန့်တဲ့နေရာမှာ ရှေ့ရိုးကြီကိုပဲ အားကိုမနေပဲနဲ့ ခေတ်အမြင်နဲ့လညလး နှိုင်းယှည်ပြီး ခေတ်အမြင်ရှကြဖို့ လိုအပ်ပါတယ်၊ ဥပမာအာဖြင့် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသဆိုရင် ဘုရာဟောများကိုလည်း ဖေါ်ပြတယ်၊ ဗုဒ္ဓဘာသာကို ခေတ်အမြင်နဲ့လည်း များစွာဖေါ်ပြထားပါတယ်၊ ဆိုလိုချင်တာကတော့ ရှေ့ဟောင်း ကိုလည်းလက်ကိုင်ထားရမေ၊ သို့သော်ခေတ်အမြင် သိပ္ပံအမြင်နဲ့ ယှဉ်တွဲပြီးတော့ လက်တွေ့ကျကျ ခေတ်လူငယ်တွေ လက်ခံကျင့်သုံးနိုင်အောင် လို့ တင်ပြဘို့လိုအပ်ပါတယ်၊ အရင်တုန်းကတော့ ဘုန်ကြီးကျောင်းပညာရေစနစ်ထွန်ကားလို့ ဧဝံမေသုတံဆိုရင် နားလည်တယ် ခုခေတ် ဘုန်ကြီးကျောင်း ပညာရေးစနစ်မရှိသလောက်ဖြစ်နေတော့ ဧဝံမေသုတံဆိုရင် မသိတဲ့လူကများတယ်၊ အဲဒါကို ဘုရားဟောလည်း လူတွေသိအောင်း ခေတ်အမြင်းနဲ့လည်း လက်ခံနိုင်အောင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်၊။နောက်တစ်ခုက ပေးကမ်းခြင်းဖြင့် အောင်မြင်ရာသည် ဆိုတာလည်းရှိပါတယ်၊ သစ္စာလည်းခိုင်မြဲရပါမယ်၊ ယုံကြည်မှုလည်း ရှိရပါမယ်၊ ဒါမှ သာသနာပြုလို့ရမှာပါ၊ ဘုန်ကြီးကတော့ ကုသိနာရုံမှာ သစ္စာပြုပြီး သာသနာပြုနေတာပါ၊ တကယ်သစ္စာမှန်ကန်ရင် တကယ်အောင်မြင်ပါတယ်၊ ဆိုလိုချင်တာကတော့ ဗုဒ္ဓဒေသနာနဲ့ ခေတ်အမြင်နဲ့ သစ္စာတရာနဲ့ ယုံကြည်မှုများစွာ လိုအပ်ပါတယ်လိုပြေားချင်ပါတယ်၊
အပ္ပမာဒ မေး၊ မှန်လှပါဘုရား ဆရာတော်ကြီအနေနဲ့ မြန်မာပြည်ကို ခေတ္တရောက်ခေတ်မှာ မအားမလပ်တဲ့ကြားက တပည်တော်ကို ခုလိုအချိန်ပေးပြီး စိတ်ရှည်စွာ ဖြေကြားပေးတော်မူတဲအတွက် တပည်တော်ဦးခိုက်ပါတယ်၊ အပ္ပမာဒ မဂ္ဂဇင်း စာဖတ်ပရိပ်သတ်များကို သြဝါအကျဉ်း ပေးတော်မူပါဦးဘုရား။
ဆရတော် ဖြေ၊ အပ္ပမာဒ ဆိုတာ မမေ့မလျှော်ခြင်း မဟုတ်လား၊ ဒီစကားကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်တိုင်း ရင်းနှီးပြီး ဖြစ်တဲ့စကားပါ၊ သူ့အဓိပ္ပါယ် အပြည့်အစုံက မမေ့မလျှော်ခြင်းသည် မသေခြင်း၏အကြောင်း၊ မေ့လျှော်ခြင်းသည် သေခြင်း၏ အကြောင်းတရားဖြစ်သည်၊ ဒကာကြီးတို့ရော စာဖတ်ပရိပ်သတ်ရော ဘုရားရှင်အဆုံးအမဖြစ်တဲ ဝိပဿနာအလုပ်ကို မမေ့မလျှော်ဖို့လိုအပ်ပါတယ်၊ အမြဲသတိရနေဖို့ စွမ်းနိုင်သမျှ လုပ်ဖိုလိုအပ်ပါတယ်၊ ဒါမှမိမိတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာပါ ဒါက တကာကြီးတို့ရော စာဖတ်သူများကိုရော ဘုန်ကြီးပြေားလိုပါတယ်။အပ္ပမာဒ မဂ္ဂဇင်းအနေနဲ့ အခုလိုထုတ်ဝေနေတာ ဘုန်ကြီးသဘောကျပါတယ်၊ ဒါပေမယ့် ရှေ့ကပြေားခဲသလို ဗုဒ္ဓဒေသနာတော်နဲ့ ခေတ်အမြင်ကို ပေါင်းစပ်ဖို့အပ်ပါတယ်၊ ရှေ့ရိုးစာပေတွေထည့်ဒါလည်းထည့်ပေါ့ ခေအမြင်အနေနဲ့လည်း အများနားလည်လက်ခံနိုင်အောင် ရေးသားကြရပါမည်၊ တင်ပြမယ် ဆန်သစ်ကြမေ ဆိုရင်တော ထေရဝပါဒသာသနာတော် အတွက်မဂ္ဂဇင်း ထုပ်ရကျိုးရေးရကျိုးဟာ ပိုပြီးထိရောက်မှာဖြစ်မယ်လို့ ဘုန်ကြီး မေတ္တာကား ပြေားကြားပါတယ်။
အပ္ပမာဒ ၊ သာဓု သာဓု သာဓု။
ကုသိနာရုံတွင် တည်ထားကိုးကွယ်သည့် မဟာသုခံဒဒ ချမ်သာကြီးစေတီတော်ကြီး၏ ဂန္ဓာဝုဋိတိုက် စင်္ကြံလိုက်ပတ်လည်အတွင်း ပူဇော်မည့် ဗုဒ္ဓပန်းချီကားများအတွက် မြန်မာပြည့်သို ခေတ္တ ကြွရောက်တော်မူလာသည့် ကုသိနာရုံဆရာတော်ကြီးကို စာရေးသူသည် ဤတွဲ့ဆုံမေးမြန် ဓမ္မလမ်းအတွက် နှစ်ချန်ခွဲ၍ တွေ့ဆုံခဲပါသည်၊ ဆရာတော်ကြီး၏ ဒကာ၊ ဒကာမများနှင့် အလှူအတန်းကိစ္စ၊ အခြားတွေ့ဆုံစရာ ကိစ္စ၊ ဟောရေးပြေားရေး ကိစ္စများ မအားလပ်သည့်ကြားမှ စာရေးသူကို အချိန်လု၍ တွေ့ဆုံခွင်းပေးခဲသည်၊ ကုသိနာရု့ဆရာတော်ကြီးကို ကျေးဇူတင် ဝမ်မြောက်စကား လျှောက်ထားကာ ခြေတော်ဦးခိုက် ရှိခိုးပူဇော်ပြီး ညနေ (၈) နာရီတွင် ပြန်ခဲပါသည်၊ ဤနေရာတွင် မဂ္ဂဇင်း၏ စာမျက်နှာများကို ငဲ့ကွက်၍ ဆရာတော်ကြီး အိန္ဒိယနိုင်ငံတွင် သာသနာပြုရာ၌ တွေကြုံရသည့် အခက်ခဲ အသေးစိတ်များကို ချန်လှပ်ခဲရပါသည်၊ နောင် အလျဉ်းသင့်ပါလျှင် ဖေါ်ပြထခွင့်ရပါက ဖော်ပြမည်ဖြစ်ပါကြောင်း စာရှုသူများကို အသိပေးအပ်ပါသည်။
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။