တေဇောဓာတ်လောင်ကျွန်သည်နေရာ၌ မီးသွေးများကျန်ရစ်သည်၊ ထိုမီသွေးကို ဌာပနာ၍ စေတီတော်တည်သောကြောင်း အင်္ဂါရ (မီးသွေး)စေတီဟုခေါ်သည်၊ ထိုဒေသရှိလူများက သီတာဒေဝီ မီးဖွားခဲသောနေရာဖြစ်၍ ရာမာဘာရ် ဟုခေါ်ကြသည်၊ မီးလှုံ၍ ကျန်ရစ်သော မီသွေးများဟု ပြောဆိုကြသည်၊ ဗုဒ္ဓဘာသာဆိုင်ရာ အထွတ်အမြတ်ထားသည့်နေရာတိုင်းကို အခြားဘာသာများက အမည်အမျိုးမျိုးဖြင့် ပြောင်းလဲ၍ ခေါ်ဝေါ်နေကြသည်။
-
အင်္ဂါရစေတီတော် (မကုဋဗန္ဒစေတီ)
အင်္ဂါရစေတီတော် (မကုဋဗန္ဒစေတီ)မဟာပရိနိဗ္ဗာနစေတီတော်မှ အရှေ့ဘက် ၆-ဖာလုံအကွာ၌ မကုဋဗန္ဒစေတီတော် တည်ရှိသည်၊ မလ္လာမင်းတို့ ဦးသျှောင်ထုံးသည်နေရာ၌ စေတီတည်ခြင်းဖြစ်၍ မကုဋဗန္ဒဟု ခေါ်သည်၊ (မကုဋ-ဦးသျှောင်၊ ဗန္ဒ-ထုံးဖွဲ့ခြင်း) မြတ်စွာဘုရားအလောင်းတော်ကို
တေဇောဓာတ်လောင်ကျွန်သည်နေရာ၌ မီးသွေးများကျန်ရစ်သည်၊ ထိုမီသွေးကို ဌာပနာ၍ စေတီတော်တည်သောကြောင်း အင်္ဂါရ (မီးသွေး)စေတီဟုခေါ်သည်၊ ထိုဒေသရှိလူများက သီတာဒေဝီ မီးဖွားခဲသောနေရာဖြစ်၍ ရာမာဘာရ် ဟုခေါ်ကြသည်၊ မီးလှုံ၍ ကျန်ရစ်သော မီသွေးများဟု ပြောဆိုကြသည်၊ ဗုဒ္ဓဘာသာဆိုင်ရာ အထွတ်အမြတ်ထားသည့်နေရာတိုင်းကို အခြားဘာသာများက အမည်အမျိုးမျိုးဖြင့် ပြောင်းလဲ၍ ခေါ်ဝေါ်နေကြသည်။ဤစေတီတော်ကို သိုက်တူးသူများက ဖြိုဖျက်တူးဆွထားသည်၊ အသောက မင်းတရာကြီး တည်ဆောက်ခဲ့သည်ဟု ယူဆရသည်၊ ဤစေတီတော်အပေါ်၌ ညောင်အင်ကြီးတစ်ပင် ပေါက်လျက်ရှိသည်၊ သာသနာ ၂၅၀၀-ပြည့် ပွဲတော်ရောက်သောအခါ ထိုစေတီပေါ်၌ သီတင်းသုံးနေထိုင်သော တရုပ်ဘုန်းကြီိးကို အိန္ဒိယအစိုးရ ကျောက်စာဌာနက ကျောင်းဆောက်လုပ်ပေး၍ ဖယ်ရှာစေသည်၊ ညောင်းပင်ခုတ်ပေပြီးနောက် နောက်ထပ် သစ်ပင်၊ မြက်ပင်၊ မပေါက်စေရန် မင်္ဂတေများဖို့ထားသည်၊
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။