-
အလုပ် Quality ကောင်းမှ ဘဝ Quality ကောင်းမယ်
ဘဝမှာအရေအသွေး Quality ဟာ အရေးအကြီးဆုံးပဲ လုပ်သမျှ ကိစ္စတွေကို အရေအသွေး အကောင်းဆုံးဖြစ်အောင်ကြိုးစားမှ ဘဝတစ်ခုလုံးရဲ့ Quality မြင့်မားတယ်၊ Quality ဆိုတာကို ဂရုမစိုက်ရင် လောကကြီး၊ တစ်ခုလုံးပျက်စီးသွားနိုင်တယ်၊ Quality ကောင်းဖို့အတွက် ဘယ်အလုပ်ပဲ လုပ်လုပ် သတိလေးကပ်ပြီး သေသေချာချာ လုပ်လိုက်ပါ၊ဘုရားရှိခိုးတဲ့အခါ ‘နမော တဿ ဘဂဝတော အာရဟတော သမ္မာသမ္ဗုဒ္ဓဿ, ဆိုတာလေးကို အဓိပ္ပါယ်လေးပါ စိတ်က သိပြီးတော ဆိုသွားလိုက်ပါ၊ ဒီအချိန်မှာစိတ်က ဘယ်ကိုမှ မရောက်ဘူး၊ မပျံ့လွှင့်ဘူး၊ အဲဒီလိုမပျံ့လွင့်ဖိုက အရေးကြီးတယ်၊ အဆိုးဆုံးကစိတ်ပျံ့ လွင့်နေတာပဲ။ဘုရားရှိခိုးပြီတာနဲ့ နေ့စဉ် ခနလေးပဲ ဖြစ်ဖြစ် တရားထိုင်ပါဦး၊ ဘယ်လောက်ပဲ အချိန်ပေးနိုင် ပေးနိုင်ပေါ့၊ ကိုယ့်အခြေအနေ အရပဲ၊ အလုပ်အင်မတင် များတဲ့လူဆိုရင်လည်း၊ နဲနဲပေါ့၊ အလုပ်ပါးတဲ့သူဆိုရင်တော များများပေါ့၊ နဲတာများတာ ပဓာနမဟုတ်ဘူး၊ လုပ်ဖြစ်ဖို့အရေးကြီးတယ်၊ စွဲစွဲမြဲမြဲလုပ်ဖို့ အရေးကြီးတယ်၊တစ်နေရာကနေ နောက်တစ်နေရာကို သွားရင်လည်း၊ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း လှမ်းတာကိုသိတယ်၊ ချတယ်၊ ထိတယ်၊ ဒီလိုသိပြီးတောသွားတယ်၊ အကယ်၍ဒီလောက်အများကြီး မသိနိုင်းသောဘူးဆိုရင်လည်း၊ ခြေလှမ်းတစ်မှ တစ်ချက်လောက်တောသမှ၊ ချလိုက်တိုင်း ထိလိုက်တာကိုသိမှ၊ သတိကပ်ပြီတော့ သွားတတ်ဖို အလေ့အကျင့် လုပ်ရင်ရပါတယ်။တချို့ ဒကာ ဒကာမတွေဆိုရင် ကားစီရင်း ကာမောင်းရင်း တရာအားထုပ်နေကြတယ်၊ ကားစီးသွာရင်လေးအားထုက်လိုရတယ်၊ ကိုယ်ကိုယ်တိုင်မောင်းတယ်ဆိုရင်လည်းပဲ၊ မျက်စိကလမ်းကိုကြည့်ပြီးတောနေတယ်၊ လက်တွေခြေတွေက သူလုပ်သင့်တာကို လုပ်သွားတယ်၊ စိတ်ကလေးပျံ့လွင့်မှုမရှိဘဲ သိနေတယ်၊ စိတ်ကပစ္စုပ္ပန်မှာ ရှိနေတယ်၊ အဲဒါမရေးကြီးဆုံးပဲ၊မိးပွိုင်တွေဘာတွေ ရောက်တဲ့အခါ ရပ်ထားရပြီဆိုရင်လည်း၊ ရပ်ထားတုန်မှာ အေးအေးဆေးဆေးလေး စိတ်ကိုလျှောပြီးတော့ တရားမှတ်နေတယ်၊ ဒီလိုနေရင်း စိတ်မှာ သက်သာမှု အများကြီးရတယ်၊ မသိလိုရှိရင် စိတ်ထဲမှာဇောကပ်နေတယ်၊ အရင်လိုနေတယ်၊ ဒီလိုဇောကပ်နေရင်၊ လောနေရင်ပင်ပန်းတယ်။ဒီလိုနေ့အလုပ်ကိုရောက်သွားပြီ၊ ကိုယ်လုပ်စရာရှိတာလုပ်တယ်၊ လုပ်ရင်းနဲ ကြားမှ ခဏခဏ သတိကပ်ပြီးတော့ ကိုယ့်ကိုယ်ကိုပြန်အာရုံပြုပါ၊ စိတ်ကိုပြန်ကြည့်ပါ၊ စိတ်ကဘယ်လိုနေသလဲ၊ စိတ်ကသောကဖြစ်နေစရာတွေးနေသလား၊ ခန္ဓာကိုယ်အခြေအနေတွေရောဘယ်လိုနေသလဲ၊ ဇက်ညောင်းနေသလား၊ ခါးတွေညောင်းနေသလား၊ ခဏခဏပြန်ပြီးတော့ Check လုပ်ပါ၊ စစ်ဆေးကြည့်ပါ။ဒီလိုမကြာမကြာ စစ်ဆေးကြည့်တဲ့ အလေ့အကျင့်လုပ်လို့ရှိရင် သိလာလိမ့်မယ်၊ လူက ပေါ့လာတယ်၊ အရင်တုန်ကထက် ပင်ပန်တာ နဲနဲသက်သာသွားတယ်၊ သတိမထားလို့ရှိရင်တစ်ခါတလေ ကိုယ့်ကိုယ်ကို ပင်ပန်းမှန်တောင် မသိဘူး၊ အင်မတန်မခံနိုင်တဲ့ အချိန်ကျမှ ငါတော်တော်ပင်ပန်နေပြီဆိုတာ သိရတယ်၊ ဒီလိုတင်းကျပ်မှု Stress သိပ်များသွားပြီ၊ သတိကပ်ပြီးတော သိနေလိုရှိရင် ညောင်းတာကိုက်တာ ပင်ပန်တာ လျော့လျော့သွားတယ်။တစ်နေ့တာလုံး ဒီလို နေပြီမှ အိမ်ပြန်လာတဲ့အခါမှာလည်း လမ်းခရီးတစ်လျှောက်လုံး သတိလေးနဲ ပြန်လာတယ်၊ အိမ်ရောက်တဲအခါမှာ တခြားအရေတကြီး ကိစ္စမရှိရင် ခဏ ဘုရား ရှိခိုးပြီ တရားထိုင်ပါ၊ ဒီလိုလုပ်တဲ့ လူတွေရှိတယ်၊ အပြင်က ပြန်လာရင် ခဏလေး တရားထိုင်တယ်၊ စိတ်ကိုပြန်ရှင်းလိုကိုတဲ့ သဘောမျိုးပဲ၊ ဒီလိုဆိုစိတ်ကလေး နဲနဲကြည်လင်ပြီးတော့ ငြိမ်းချမ်းသွားတယ်၊ အဲဒါပြီးတောမှ တခြားလုပ်စရာ ရှိတာလုပ်တယ်၊ ပြေားစရာရှိတာပြေားတယ်။တရားထိုင်တဲ့အချိန်၊ သတိနဲ့နေတဲအချိန်၊ နဲတာများတာ ပဓာနမဟုတ်ဘူးနော်၊ ဒီအချက်ကို ခဏခဏ ပြေားချင်တယ်၊ တချို့လူတွေက အချိန်မရဘူး၊ အချိန်မရဘူးလို့ပြေားတယ်၊ တစ်မိနစ်၊ နှစ်မိနစ်တောင်းမရဘူးလား၊ ငါးမိနစ်လောက်ရော မရနိုင်ဘူးလား၊ ရနိုင်ပါတယ်နော်၊ ယူတတ်ရင်ရပါတယ်၊ ဒီလို အချိန်တွေ ရအောင်ယူပြီး လုပ်နေတဲ့ လူတွေ ရှိတယ်၊ လုပ်နေတဲ့ လူတစ်ယောက် အကြောင်း အထောက်အထား ပြချင်ပါတယ်၊ ပြေားတဲ့အတိုင်း၊ မှာတဲ့အတိုင်း လိုက်လုပ်ကြလို့ အကျိုးရှိသလောက် ရှိနေကြောင်း သိစေချင်တာပါ။
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။