• အသိဥာဏ်ရဖို့ အသက်ရှင်တာ

            ဘဝမှာ အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ နေနည်းကို သိဖို့လိုတယ်နော်။ လူတွေက စာဝတ်နေရေးအတွက် လုံးပန်နေကြတယ်၊ ဘဝကိုဘယ်လိုနေသွားကြမလဲ (How to live a meaningful life) ဆိုတာကို သိပ်မစဉ်းစားဘူး၊ ဘဝကို နောက်ဆုံးအချိန်အထိ အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုတယ်၊ အဲဒီလို မသိလိုရှိရင် အသက်ကြီးသွားတဲ့အခါ ကြာလေအသုံးမကျလေ ဖြစ်လာတယ်၊ တော်တော်အားငယ်စရာ၊ တော်တော်စိတ်ညစ်စရာကောင်းတယ်။
              နေတတ်ရင် ဘဝဟာ ကြာလေ တန်ဖိုးရှိလေ၊ ကြာလေ ကျေနပ်မှုအများကြီးရလေ ဖြစ်လာတယ်၊ ငါ့ဘဝဟာတန်ဖိုးရှိလိုက်တာ၊ ငါ့အချိန်ဟာတန်ဖိုးရှိလိုက်တာဆိုတာ ကောင်းကောင်းသိတယ်၊ တစ်နေ့တာ တစ်နေ့တာ ကုန်သွားတာအင်မတန် တန်ဖိုးရှိရှိ လေးလေးနက်နက် ကုန်သွားတာပဲ၊ ကျေနပ်နေတယ်။
    အချိန်ကို တန်ဖိုးရှိရှိ မနေဘဲနဲ့ အင်တစ်နေ့တော ကုန်သွားပြီ၊ သေဖို့ တစ်နေ့နီလာပြီ ဆိုပြီး စိတ်ညစ်နေလို့ ဘာမှမထူးဘူး၊ တစ်နေ့တာကုန်သွားပြီး၊ ငါ တန်ဖိုး ရှိရှိ နေခဲ့ရဲ့လား၊ အဲဒါကို စဉ်းစား၊ အကယ်၍တန်ဖိုးရှိရှိနေခဲတယ်ဆိုရင်၊ ကုန်သွားတာကို ဝမ်းနည်းနေဖို့ မလိုပါဘူး၊ နှမြေားနေဖို့ မလိုဘူး၊ တန်ဖိုးရှိရှိမနေဘဲ အလကား အချိန်ကုန်သွားရင်တော တော်တော်ဝမ်နည်းစရာကောင်းတယ်၊ တော်တော်နှမြေားစရာကောင်းတယ်။
              နေံစဉ် သတိနေ့ နေသွားရင် နောက်ဆုံး သေခါနီးမှာလည်းပဲ အထူးကြောင်းကြစစ်နေစရာမလိုပါဘူး၊ ဒီလိုပဲ ခန္ဓာမှာ သတိလေး ကပ်ပြီးတော သိပြီးတောနေသွားရမှာပဲ၊ ဝမ်းနဲခြင်း၊ အားငယ်ခြင်း၊ ကြောက်ခြင်း၊ စွဲလမ်းခြင်း၊ တွယ်တာခြင်း မရှိဘဲနဲ့ သတိလေးနဲ့ သိ သိ သိ သိပြီတောပဲ စုတိစိတ် ကျသွားနိုင်တယ်၊ တရားကို ထိထိမိမိအားထုပ်ထားနိုင်ရင် သေခါနီးမှာတောင် ကပ်ပြီးတော့ တရားထူးရသွားတာရှိတယ်၊။
              သေခါနီးမှာတရားရှုမှတ်ရင်းနဲ့ ရဟန္တာဖြစ်သွားတာရှိတယ်၊ ရဟန္တာဖြစ်သွာတာရှိနိုင်သလို ဒီ့အောက်အဆင့်တွေလည်းရှိတာပါပဲ၊ အနာဂါမ်ဖြစ်နိုင်တယ်၊ သကဒါဂါမ် ဖြစ်နိုင်တယ်၊ သောတာပန်ဖြစ်နိုင်တယ်၊
    အကယ်၍သောတာပန်မဖြစ်ဘူးဆိုရင်တောင်မှ သေသည်အထိ တရားရှုမှတ်တဲ့သူဟာ၊ သေမှန်တောင်မသိဘူး၊ ဟိုဘက်ဘဝရောက်တဲ့အခါ တရားရှုမှတ်လျှက်ပဲဖြစ်နေတယ်။
              သေတယ်ဆိုတာ ဖျက်ခနဲ မိုက်ခနဲ ဖြစ်သွားသလိုပါပဲ၊ စုတိစိတ်ဟာဘဝင်စိတ်နဲ့ တူတယ်၊ ဖြစ်တဲ့အခြေအနေ မတူလို့ နာမည်လွဲ ခေါ်ထားတာပါ၊ ပဋိသန္ဓေစိတ်ရယ်၊ စုတိစိတ်ရယ်၊ ဘဝင်စိတ်ရယ် သဘောသဘာဝ အကုန်တူတယ်၊ ဖြစ်တဲ့အချိန်ပဲ ကွာတယ်။ နေ့စဉ်သတိနေ့နေပြီး သေခါနီးမှာ သတိနဲ့သေသွားမယ်ဆိုရင် သေတာတောင်သိလိုက်မှာမဟုတ်ဘူး၊ ဖျက်ခနဲ့ဘဝင်စိတ်ကျသွားတဲ့ သဘောဘဲ၊ စုတိစိတ်ကျတယ်ဆိုတာနဲ့ ဟိုဘက်မှာ ပဋိသန္ဓေစိတ် ပြန်ဖြစ်သွားတာ၊ သည်ကြားထဲမှာ ဘယ်လောက်မှ မကြာဘူးနော်၊ တစ်ဆက်တည်းပဲ၊ တကယ်တောခန္ဓာရဲ့ ရုပ်ဇိဝိတိနြေ္ဒတွေပဲ ချုပ်တာ၊ နာမ်ဇိဝိတနြေ္ဒက အကြောင်းအကျိုးလိုက်ပြီးဆက်ဖြစ်တယ်၊ အရဟတ္တမဂ်ရောက်ပြီး ပရဗ္ဗာန်ပြုပြီးမှ အပြီးချုပ်တာပါ။
              အဲင်္ဒီတော တရာရှုမှတ်ရင်းနဲ့ သေတဲ့လူဟာ တစ်ဆက်တည်းပဲ ရှုမှတ်လျှက်သားကြီး ဟိုဘက် ဘဝထိအောင် ပါသွားတာပဲ၊ ဒီလို တရားရှုမှတ်ရင်းနဲ့သေတဲ့လူဟာ မကောင်းတဲ့လားရာဂတိ ရောက်သွားနိုင်သလား၊ ဘယ်နည်းနဲ့မှ မရောက်နိုင်ပါဘူး၊ အင်မတန်ကောင်းတဲ့သေနည်းပဲ၊ ဒီနည်းနဲ့သေသွားရင် သေတဲ့အခါမှာ လောဘ၊ ဒေါသ၊ မောဟမပါတောဘူး၊ အလောဘ၊ အဒေါသ၊ အမောဟ၊ တိဟိတ်ပဋိသန္ဓေဖြစ်တယ်၊ အင်မတန် ဥာဏ်ထက်မြက်တဲ့ ပဋသန္ဓေဖြစ်တယ်၊ ရောက်သွားတဲ့ဘဝမှာ တရားကိုပိုပြီးတော အားထုတ်လို့ရှိရင် ပိုပြီးတော လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အသိဥာဏ် ရင်ကျက်ပြီး တရာထူးရနိုင်တယ်၊ အင်မတန်အကျိုးများတာပဲနော်။
              ဒါကြောင်း အခု လက်ရှိရထားတဲ့ အခြေအနေကို တန်ဖိုးရှိရှိသုံးပါ၊ အချိန်ဟာရွှေထက် တန်ဖိုးရှိတယ်၊ ရွှေကျင်ဖို့သွာတဲ့လူတွေဟာ ရွှေအတုံးလိုက် အခဲလိုက် မတွေ့ရဘူး၊ သဲတွေ နုန်းတေကို ဆေးရင်း ဆေးရင်း နဲနဲချင်း နဲနဲချင်း ရွှေကိုရတာ…..။အင်မတန် အဖိုးတန်တယ်၊ အဲဒီလိုပဲ ကိုယ့်ဘဝမှာ  ရှိသမျှ အချိန်လေးတွေကို တစ်ချက်ပဲဖြစ်ဖြစ် တစ်ကြိမ်ပဲဖြစ်ဖြစ် အသက်ရှူတာလေးကို သတိ ကပ်လိုက်ခြင်းအားဖြင့် ရလိုက်တဲ့ ဒီတည်ငြိမ် အေးချမ်တဲ့ ပစ္စုပ္ပန်တည့်နေတဲ့ စိတ်ကလေးကိုပဲ တန်ဖိုးထားလိုက်ပါ။
              ဆယ်ကြိမ်လောက် သတိကပ်နိုင်တယ်ဆိုရင် တော်တော်များများ စုမိသွားပြီ၊ ငါးမိနစ်ဆိုရင် နဲတာမဟုတ်ဘူး၊ ဒီလိုနဲဆယ်မိနစ်၊ မိနစ်နှစ်ဆယ် ကြာအောင် သတိကပ်နိုင်တယ်၊ အကျင့်ပါသွားတဲ့ လူဆိုရင် ဒီလိုတရားသတိနဲ့ပျော်သွားပြီး
    နေလိုက်တောတာပ၊ ဘယ်နှစ်နာရီ ကြာသွားမှန်တောင် မသိလိုက်ဘူး၊
              သဒ္ဓါတရားကောင်းကောင်း ဥာဏ်ပါပါနဲ့လုပ်ရင် ဒီအလုပ်ကအင် မတန်တန်ဖိုးရှိတယ်၊ လုပ်ရကျိုးနပ်တယ်၊ ဒီလို နည်းနည်းက စပြီးလုပ်ရင်နဲ့ အကျိုးရှိမှန်သိပြီး စွဲစွဲမြဲမြဲ လုပ်သွားတဲ့လူတွေ အများကြီး ရှိတယ်၊ သူတို့ဟာ တစ်နေ့ တစ်နေ့တခြား အသိဥာဏ်တွေ
    တိုးတက်လာတယ်၊ ရင့်ကျင့်လာတယ်၊ တရာကပဲ သူ့ဟာသူဆွဲခေါ်သွားတာပါ။
              တစ်မိနစ်ရရ နှစ်မိနစ်ရရ မရမက ကုတ်ကပ်ပြီး ယူတဲ့သူဟာ နေ့တစ်ဝက်လောက်ရရင်လဲ ဆုံးရှုံးမခံဘူး၊ တစ်မိနစ်တောင် အဆုံးရှုံးမခံဘူးဆိုတော နေ့တစ်ဝက်ရရင်လည်း ရအောင်း ယူမှာပဲ၊ ဒီလိုလုပ်တဲ့တပည့်တွေ အများကြီးရှိပါတယ်၊ တစ်ရက်အားရင် တစ်ရက် အေးအေးဆေးဆေး တရားအားထုပ်တယ်၊ တချို့ဆိုရင် မနက်အားရင် ရိပ်သာတစ်ခုခုကိုသွားပြီး တရားအားထုပ်လိုက်တယ်၊ နေ့လည်(၁၂)နာလောက်ကျတော ပြန်လာတယ်၊ အိမ်မှာဆိုရင် လုပ်စရာတွေက ပေါ်တက်တာကိုး၊ ဒီလိုအချိန်ကို မရမကရအောင်ယူမှဖြစ်မယ်။
              အချိန်မရှိဘူး အချိန်မရှိဘူးဆိုပြီး အချိန်တွေ ဖြုန်းပိုက်နေတာပဲ၊ အချိန်ရသလောက်ယူတတ်တဲ သူဆိုရင် နဲနဲရ နဲနဲယူမယ်၊ များများရ များများယူမှာပါပဲ၊ မယူတတ်တဲ့လူဟာ များများရရင်လည်း မယူဖြစ်ပါဘူး၊ ဟိုကိစ္စပေါ်ပြန်ပြီ ဒီကိစ္စပေါ်ပြန်ပြီနဲ့ တခြားဦးစာပေး ကိစ္စတွေက  များနေတယ်၊ ဒါ့ကြောင့် တရားနဲနေချင်တဲ့သူဆိုရင် အရေးမကြီးတဲ့ ကိစ္စတွေကို အရေးမကြီးမှန်း သိသွားတယ်၊ ဘေးဖယ်ချထား လိုက်တော့တယ်၊ ဒါကြောင့် ဘဝက ကြာလေ တန်ဖိုးရှိလေ၊ အဓိပ္ပါယ်ရှိလေ ရှင်းလေဖြစ်လာတယ်။
              လူ့ဘဝမှာ အနှစ်သာရဟာ အသိဥာဏ်ပါ၊ စားဝတ်နေရေးဆိုတာ မလုပ်မဖြစ်လို့လုပ်ရတာပါ၊ စားဝတ်နေရေး အတွက် အသက်ရှင်နေရတာမဟုတ်ပါဘူး၊ ဒါကို နက်နက် နဲနဲနားလည်ဖို့လိုတယ်၊ စာဝတ်နေရေး အသင့်အတင့်ပြည့်စုံပြီ ဆိုရင် ဒီ့ထက် အရေးကြီးတဲအလုပ်၊ ရှိသေးတယ်။
              လူတိုင်း ပါရမီရှိတဲ့ လူတွေချဲပါပဲ၊ ကုသိုလ်ကြောင်း လူဘဝကိုရတာ၊ ငုပါနေတဲ့ အခံဓါတ်တွေ အများကြီး ရှိတယ်၊ အခုပစ္စုပ္ပန်မှာကြိုးစားမယ်ဆိုရင်၊ ငုပါနေတဲ့အခံဓါတ်တွေ ပွင့် ထွက်လာလိမ့်မယ်။
              အဲဒါကြောင့် ကိုယ့်ကိုယ်ကို ပါရမီ ရှိမှရှိရဲ့လားလို့ တွေးပါနဲ့၊ ဘဝသံသရာကြီးက အင်မ တန်ရှည်တယ်၊ ဒီလောက်ရှည်တဲ့သာသရာကြီးမှာ ကုသိုလ်ကောင်းမှု မရှိခဲဖူးလို့ ပြေားလို့ရမလား၊ မလုပ်ဘူးတဲ့ကုသိုလ်ဆိုရင် လောကုတ္တရာကုသိုလ်ပဲရှိတယ်၊ လောကီကုသိုလ်က အကုန်လုပ်ဖူးပါတယ်၊ အကုသိုလ်လည်း လုပ်ဖူးတာပဲ။
              ကုသိုလ်ကို ပါရမီရှတယ်လို့ပဲ စိတ်ချလက်ချ ယုံကြည်ထားပါ၊ လူ့ဘဝကိုလည်းရတယ်၊ တရားကိုလည်း နာခွင့်ရတယ်၊ တရားအာထုပ်ဖို့ပဲ လိုတောတယ်၊ အဲဒီတော့ အချိန်မရှိဘူးလို့ မပြေားပါနဲ့၊ ရသမျှအချိန်ကိုကုတ် ကပ်ယူပြီးတော့ သတိပဋ္ဌါန်တရားကို လုပ်ကြပါ၊ သတိပဋ္ဌါန်တရားကို စွဲစွဲ မြဲမြဲလုပ်နိုင်ကြပြီး စိတ်ရဲ့ ချမ်းသာမှုကို ရနိုင်ကြပါစေ။

မဇ္ဈိမတရားဝိုင်း