• မဇ္ဈိမဒေသဟု ဘာကြောင်းဆို

                   မဇ္ဈိမဒေသဟူသည် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်သည့် ဂေါဓမဗုဒ္ဒ၏ မွေးရာဇာတိဒေသ၊ ထီးနန်းစိုက်ရာဒေသ၊ တောထွက်၍ ဒုက္ခစရိယာကျင့်ရာဒေသ၊ သဗ္ဗညုတ္တဥာဏ်တော်ကိုရ၍ ဘုရားဖြစ်ရာဒေသ၊ ဗုဒ္ဓ၏ဓမ္မစကြာတရား အနတ္တဝါဒ၊ မဇ္ဈိမပဋိပဒါ  လမ်းညွန်တရားဟောရာဒေသ၊ ဝါဆိုသိတင်းသုံးခဲရာနေရာဒေသ နှင့် ပရိနိဗ္ဗာန်ပြု၍ ခိုလှုံရာဒေသများကို ဆိုလိုပါသည်။
                   ဗုဒ္ဓကာလ ရှေ့အိန္ဒိနိုင်ငံ၏ တိုင်းကြီး ၁၆ တိုင်းအနက် ၉ တိုင်းတွင် ပါဝင်ပြီး ယခုကာလ အိန္ဒိယနိုင်ငံ ပြည်နယ်တိုင်းကြီး ၂၈ ခုတွင် မဇ္ဈိမဒေသမှာပြည်နယ် ၂ ခုနှင့်သာ သက်ဆိုင်ပါသည်။ ဗုဒ္ဓမွေးရာ လုမ္ဗနီနှင့် ကြီးပြင်းရာဇာတိ ကပိလဝတ်မှာ နီပေါနိုင်ငံ ၏ နယ်နမိတ်အတွင်း ရှိနေပါသည်။

မဇ္ဈိမတရားဝိုင်း