-
မြတ်ဗုဒ္ဓရဲ့ သမိုင်း (အကျဉ်း)
မင်းသားအမည် - သိဒ္ဓတ္ထ ကုမာရ၊ခမည်တော် - သီရိသုဒ္ဓေါဒန မဟာရာဇာ၊- ကပိလဝတ်ပြည်ရှင်မင်း၊မယ်တော် - သီရိမဟာ မာယာ ဒေဝီ၊မိထွေးတော် - မဟာပဇာပတိ ဂေါတမီ၊ဖွားမြင်သည့်နေ့ - မဟာသက္ကရာဇ် ၆၈ ခု၊ကဆုန်လပြည့်သောကြာနေ့(ဘီိစီ ၅၆၃)ဖွားမြင်သည့်နေရာ - ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား လုမ္ဗိနီ အင်ကြင်းတော၊ကြင်နာတော် - ယသောဓရာ (ဒေဝဒဟပြည်ရှင်မင်း၏သမီးတော်)သားတော် - ရာဟုလာနေပြည်တော် - မဇ္ဈိမဒေသ၊ သက္ကတတိုင်း၊ကပိလဝတ်ပြည်၊နန်စည်းစိမ်စံနှစ် - ၁၃ နှစ် (သက်တော် ၁၆နှစ်မှ ၂၆ နှစ်ထိ)တောထွက်သည့်နေ့ - မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ဝါဆိုလပြည့် တနင်္လာနေ့၊အသက် ၂၉ နှစ်အရွယ်(သားတော်ရာဟုလာ ဖွားမြင်သောနေ့တွင် ဖွားဖက်တော် ဆန္ဒအမတ်နှင့် ခဏ္ဍကမြင်း တို့ကိုခေါ်၍ တိတ်တဆိတ် တောထွက်သည်၊ အနော်မာမြစ်ကမ်းတွင် ဆံတော်ပယ်တော်မူခဲသည်။ဒုက္ခစရိယာကျင့်သည့်တော - ဥရုဝေလတော၊ ပဉ္စဝဂ္ဂီ ၅ ဦးတို့က အလုပ်အကျွေးပြုတော်မူသည်၊ဒုက္ခစရိယာကျင့်သည့်ကာလ - ၆ နှစ်တိုင်တိုင်ဗုဒ္ဓဖြစ်သောနေ့ - မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဘီစီ ၅၂၈ ၊ နေရဉ္စရာမြစ်ကမ်း ၊ ဂယာမြို့အနီး၊ဖွားဖက်တော် မဟာဗောဓိ ညောင်ရင်းရှိ အပရာဇိတပလ္လင်ပေါ်၌ စံနေတော်မူစဉ်။ဓမ္မစကြာတရားဟောသည်နေ့ - မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆို လပြည့် စနေနေ့၊ ပဉ္စဝ ဂ္ဂီ၅ ဦးအား ဟောကြားတော်မူသည်။ဓမ္မကြာတရားဟောသည်နေရာ - ဗာရာဏသီပြည် အနီး မိဂဒါဝုန်တော။သစ္စာလေးပါးတရား - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ညွှန်ကြားသည့်လမ်းစဉ် - မဇ္ဈိမပဋိဒါလမ်း၊ မဂ္ဂင်ရှစ်ပါး၊သက်တော်/ဝါတော် - ပရိနိဗ္ဗာန်စံစဉ် သက်တော် ၈၀၊ ဝါတော် ၄၅ ဝါပရိနိဗ္ဗာန်စံသည့်နေ့ - မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့၊(ဘီစီ ၄၈၃)ပရိနိဗ္ဗာန်စံသည့်နေရာ - ကုသိနာရုံ၊ အင်ကြင်းဥယျဉ်၊တေဇောဓာတ်လောင်သည့်နေ့ - မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လဆုတ် ၁၂ ရက်၊တနင်္ဂနွေနေ့၊ကျင့်စဉ် သိက္ခာသုံးပါး သီလ၊ သမာဓိ၊ ပညာ၊တရားတော်များ - ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊အဆုံးအမ သာသနာတော် - ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ။
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။