အဖိုးတန်ပစ္စည်းများစွာ ပါဝင်သည်၊ ၄င်းတို့အနက်အရေးကြီးသော အဖိုးတန်ဆုံးပစ္စည်းတစ်ခုမှာ ကြေးပရပိုက်တစ်ဆူဖြစ်ပါသည်၊ ထိုပြင် ကုမာရရုတ္တ (၄၁၃-၄၅၅)ခေတ်က ဒင်္ဂါး ၆-ပြားတွေ့ရသည်၊ ကြေးပြားပေါ်၌ပဋိစ္စစမုပ္ပါဒ်တရားတော်ကို သက္ကတဘာသာဖြင့် ရေထိုးထားသည်၊ အဆုံး၌ “ဤကား ဟရိဗလ သာမိ၏ ကောင်းမှုဖြစ်သည်၊ ဤကြေးပြားကို ပရိနိဗ္ဗာနစေတီတော်အတွင်း၌ ဌာပနာခဲ့သည်”၊ ဟုရေးထိုးထားသည်၊ စေတီတော်ဒါယကာ ဟရိဗလနှင့် ရုပ်ပွါးတော် အလှူဒါယကာ ဟရိဗလ တို့သည် တစ်ဦးတည်းပင်ဖြစ်သည်ဟုယူဆရပါသည်၊ တရုပ်ရဟန်းတော် ဟူယင်ဆန်သည် ဤစေတီတော်ကို ဖူးခဲရသည်ဟု မှတ်တမ်းတင်ခဲသည်၊
-
မဟာပရိနိဗ္ဗာန စေတီတော်
မဟာပရိနိဗ္ဗာန စေတီတော်ဤစေတီတော်ကို မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာနေရာ၌ တည်ထားခြင်းဖြစ်ပါသည်၊ စေတီဒါယကာကို မည်သူဟူ၍မသိရချေ၊ အဆင့်ဆင့်ထပ်ကာထပ်ကာ တည်ဆောက်ခဲ့ကြသည်၊ အေဒီ ၅-ရာစုက တကြိမ်ပြင်ဆင်ခဲကြသည်၊ ကျောက်စာဌာနက တူးဖေါ်သောအခါ စေတီအတွင်းမှ ကြေးအိုးကြီးတစ်လုံး တွေ့ရှိရသည်၊ ထိုကြေးအိုးကြီးအတွင်း၌.....
အဖိုးတန်ပစ္စည်းများစွာ ပါဝင်သည်၊ ၄င်းတို့အနက်အရေးကြီးသော အဖိုးတန်ဆုံးပစ္စည်းတစ်ခုမှာ ကြေးပရပိုက်တစ်ဆူဖြစ်ပါသည်၊ ထိုပြင် ကုမာရရုတ္တ (၄၁၃-၄၅၅)ခေတ်က ဒင်္ဂါး ၆-ပြားတွေ့ရသည်၊ ကြေးပြားပေါ်၌ပဋိစ္စစမုပ္ပါဒ်တရားတော်ကို သက္ကတဘာသာဖြင့် ရေထိုးထားသည်၊ အဆုံး၌ “ဤကား ဟရိဗလ သာမိ၏ ကောင်းမှုဖြစ်သည်၊ ဤကြေးပြားကို ပရိနိဗ္ဗာနစေတီတော်အတွင်း၌ ဌာပနာခဲ့သည်”၊ ဟုရေးထိုးထားသည်၊ စေတီတော်ဒါယကာ ဟရိဗလနှင့် ရုပ်ပွါးတော် အလှူဒါယကာ ဟရိဗလ တို့သည် တစ်ဦးတည်းပင်ဖြစ်သည်ဟုယူဆရပါသည်၊ တရုပ်ရဟန်းတော် ဟူယင်ဆန်သည် ဤစေတီတော်ကို ဖူးခဲရသည်ဟု မှတ်တမ်းတင်ခဲသည်၊စေတီတော်ကြီးကို ကျောက်စာဌာနက ထွင်းဖောက်ရှာဖွေပြီးနောက် ၁၉၁၂-ခုနှစ်တွင် မြန်မာနိုင်ငံမှ ဦးဘိုးကျူက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်၊ ဥာဏ်တော်အမြင့် ၁၆၇-ပေရှိသည်၊ ထိုခေတ်က ရူပီငွေ ၁၈၀၀၀-ကုန်ကျသည်၊ ၁၉၂၇-ခုနှစ်တွင် ထီတော်ကိုနေေ၇ာင်ဟပ်သောအခါ ရွှေရောင်တလက်လက်တောက်ပလျှက်ရှိသည်ကို ဖူးတွေနိုင်ပါသည်၊သို့ရာတွင် လွန်ခဲ့သည့် ၁၅-နှစ်ခန်းက ငလျှင်လှုပ်သဖြင့် ဖောင်းရစ်မှစ၍ ပြိုကျပျက်စီးခဲသည်၊ အတွင်းရှိရွှေဆင်ထုတော် အစရှိသော အဖိုးတန်ဌာပနာ ပစ္စည်းများ မပျောက်ပျက်စေရန် ရခိုင်ဆရာတော် ဦးစန္ဒြမဏိက စောင့်ရှောက်ထားခဲ့သည်၊ အိန္ဒိယကျောက်စာဌာနက စေတီတော်ကို ပြန်လည်တည်ဆောက်ခဲ့ပါသည်၊
မဇ္ဈိမတရားဝိုင်း
စာရေးသူ၏ အမှာ
စာရေးသူရဲ့ ဒီဘလော့လေးကို
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊
(10-06-2012)အင်္ဂါနေ့တွင်
စတင်တည်ထောင်ခဲ့ပါသည်။
စာရေးသူသည် ပညာရှင်တစ်ယောက်မဟုတ်ပါ
စာရေးဝါသနာ ပါသူသာဖြစ်ပါသည်။
အမှားဟူသည် မောဟမကင်းသူတိုင်း၌
ရှိကြသဖြင့် ဤဘလော့တွင် တစ်စုံတစ်ရာသော
အမှားကို တွေမြင်ခဲ့သော်
မိမိရေးသားသည့်ဘလော့အလား
အမှန်သို့ရောက်အောင် ပြင်ဆင်
ဖတ်ရှုနိုင်ကြပါစေဟု ဟန်ဆောင်မှုကင်းစွာဖြင့်
တောင်းပန်အပ်ပါသည်။ ဆင်းရဲခြင်းဟူသမျှ
ကင်းပျောက်၍ ချမ်းသာဟူသမျှ ရောက်ရှိခံစားနိုင်
ကြပါစေဟု ဆန္ဒပြုဆုတောင်းရင်း
ချစ်စွာသော စာဖတ်ပရိသတ်များရဲ့
မေတ္တာကိုခံယူလျှက်..... စာရေးသူ
အရှင်ဓမ္မဓဇ(ကုသိနာရုံ၊ အိန္ဒိယ)
စာရေးသူအားဆက်သွယ်ရန်
Email.dhammadaja2000@gmail.com
ashindhammadaja@gmail.com
Mobile.+91 9651394105
ashindhammadaja@gmail.com
Mobile.+91 9651394105
မဇ္ဈိမဧည့်သည်မှတ်တမ်း
မဇ္ဈိမခရီးစဉ်နေ့ရက်များ
Powered by Astrology Calendar
လုဘဝ၏ အဆင့်အတန်း
။။ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊
ရာထူးဂုဏ်ရှိန်ရှိခြင်းတို့သည်
လူ အဆင့်အတန်း မဟုတ်ပါ။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊
သစ္စာရှိခြင်း၊ မှန်ကန်ခြင်း၊
စဉ်းကမ်းရှိခြင်းတို့သည်။
လူလောကတွင် လူဖြစ်နေသော
လူတစ်ယောက်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။။