• ကုသိနာရုံဘုရားကျောင်းတော်

                                      ကုသိနာရုံဘုရားကျောင်းတော်
    ဘုရားကျောင်းတော်သည် မဟာပရိနိဗ္ဗာနစေတိတော်၏ဘေး၌ရှိပါသည်၊ အတွင်း၌ ရုပ်ပွါးတော်မှာ ခြေဖဝါး မှ ဦးလျှောင်းတော်အထိ ပေ ၂၀-ပေရှိပါသည်၊ မြောက်ဘက်သို့ ဦးခေါင်းတော်ပြု၍ အနောက်ဘက်သို့ မျာက်နှာမူကာ ကုသိနာရုံပုံတော်ဖြစ်ပါသည်၊ ပခုံတော် ၅-ပေ ၆-လက်မရှိ၏၊ 

    ညောင်စောင်းတော်မှာ ၂၃-ပေ ၉-လက်မ x ၂-ပေ ၁-လက်မရှိ၏ ရုပ်ပွါးတော်ကို သဲကျောက်ဖြင့် ထုလုပ်ထားသည်၊ ၁၈၃၃-ခုနှစ်က ရုပ်ပွါးတော်ကို တစ်ပိုင်း တစ်စစီ တွေ့ရှိရသဖြင့် ပြန်လည်၍ ဆက်စပ်မွမ်းမံထားပြီး ညောင်စောင်းတော်၌၊ ဆရာဇီက၊ အရှင် အာနန္ဒာ၊ သုဘဒ္ဒ ရဟန်းပုံများထုလုပ်ထားပါသည်၊ ရုပ်ပွားတော်၏ ကောင်းမှုရှင်ကို တိတိကျကျ မသိရပါ၊ တွေရှိရသောကျောက်စာအရ ဤရုပ်ပွါးတော်သည်၊ မဟာဝိဟာရ ကျောင်း၌နေသော ဟရိဗလ ရဟန်းတော်၏ကောင်းမှုဖြစ်သည်၊ ဤရုပ်ပွါးတော်ကို မထုရာပြည်သား ဒိနာဆိုသူက ထုလုပ်သည်ဟု သိရပါသည်၊ အက္ခရာနှင့် စာရေးသားဟန်အရ အေဒီ ၅-ရာစုကဖြစ်သည်ဟုယူဆရပါသည်။
              ထိုရုပ်ပွါးတော်ကြီးအား မဏိတော်ဘက်ကဖူးပါက ပြုံးနေသည်ဟန်၊ မျက်နှာတော်ဘက်ကတည့်ဖူးပါက ကျိန်းစက်နေသည့်ဟန်နှင၊့် ခြေရင်းဘက်မှဖူးပါက ဝေဒနာခံစားနေရသည့်ဟန် (၃)မျိုးဖူးမြင်ရသည်ဟု ဆိုပါသည်၊ လျှောင်းတော်မူ တန်ဆောင်းအရှေ့ဘက်တွင် ပရိနိဗ္ဗာနစေတီတော် ရှိပါသည်၊ ထိုမဟာပရိနိဗ္ဗာန စေတီတော်အား (၁၉၁၂)ခုနှစ်တွင် မြန်မာနိုင်ငံ ဟင်္သာတမြို့မှ ဦးဘိုးကျူက ပြင်ဆင်ခဲ့သည်၊ (၁၉၂၇)ခုနှစ်တွင် ထီးတော်တင်ခဲသည်ဟုသိရှိရပါသည်၊။

မဇ္ဈိမတရားဝိုင်း