ဗုဒ္ဓဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်၊ သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့၏ မစွန့်အပ်သော အဝိဇဟိတဌာနထူးလည်း ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသောနေရာတော်ဖြစ်သည်၊
ဘုရားရှင် သဗ္ဗညုတ္တရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်၊ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသတဝိုက်ကို ဥရုဝေလဟုခေါ်တွင်ခဲပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့်ခေါ်တွင်ခဲသည်၊ ၁၃ ရာစုတွင် ဒေသခဲများက ဗြဟ္မာ ခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း) နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟုခေါ်တွင်ခဲ့ကြသည်။
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂယာမြေမြတ်မဟာရှိဗောဓိပင်အနီး၊ အပရာဇိတပလ္လင်ထက်တွင် ဘုံသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုတ္တဥာဏ်တော်ပိုင်ရှင်ဘုရားအဖြစ် ရောက်ရှိတော်မူခဲပါသည်။ ဗုဒ္ဓဂယာသည် ဂယာမြို့အနီး တည်ရှိမှုကို အစွဲပြု၍ခေါ်ဆိုကြပါသည်၊ ဗုဒ္ဓဂယာသည် ဂယာမြို့နှင့် ၇ မိုင် (၁၂ ကီလိုမီတာ) ကွာဝေးပါသည်၊ ဂယာမြို့သည်၊ ဒိစကြိတ်မြို့ကြီးဖြစ်၍ ဗီဟာပြည်နယ် အတွင်း၌တည်ရှိသည်၊ ရှေ့ခေတ်က မဂဓတိုင်းဟုခေါ်၍ ယခုအခါ ဝိဟာရ(ဗီဟာ) ခေါ် ဘုန်ကြီးကျောင်းများလွန်စွာပေါများသဖြင့် ဗီဟာပြည်ဟုခေါ်ဆိုကြပါသည်၊ ဗီဟာပြည်၏မြို့တော်မှာ ပတ္တနား (ပါဋလိပုဒ်) မြို့ဖြစ်ပါသည်၊
မဟာဗောဓိစေတီတော်မှာ ဖိနပ်တော် ၄၈ ပေရှိပြီး ဥာဏ်တော် ၁၇၀ ပေရှိသည်၊ ဗုဒ္ဓဘာသာများအတွက် အသပ္ပါယ်ဆုံး၊ အမြင့်မြတ်ဆုံး စေတီကြီးဖြစ်သည်၊ အသောကမင်းကြီး ဆောက်လုပ်လှူဒါန်ခဲခြင်းဖြစ်သည်၊ မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခန့်တွင် တစ်ကြိမ်ပြုပြင် မွမ်းမံခဲ့ကြောင်း မှတ်တမ်းတင်ရှိပါသည်၊ အေဒီ ၁၃ ရာစု (၁၂၉၀ ခန့် ) တွင် အဖျက်စီးခံခဲ့ရ၍ အိန္ဒိယ၌ ဗုဒ္ဓဘာသာ သာသနာများပျောက်ကွယ်ခဲ့ရသည်၊ ဗုဒ္ဓဂယာပရိဝုဏ် တစ်ခုလုံး အဖျက်စီးခံရပြီး တော်ရုံနှင့်မဖျက်နိုင်ခဲကြသော စေတီတော်တစ်ဆူသာကျန်ခဲသည်၊ ၁၆ ရာစုတွင် ဒေလီရှိပသီဘုရင်က ဤဒေသရှိ မဟန့်လာလ်ဂီးရ် အားအပိုင်ပေး၍ အုပ်ချုပ်ခွင့်ပြုလိုက်သည်။