• ရတနာသုံးပါး ဘယ်ကစ

                                            ရတနာသုံးပါး ဘယ်ကစ
                  ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထသည် အိန္ဒိယနိုင်ငံ ယခု ဗီဟာပြည်နယ် ဂယာမြို့အနီး ဗဒ္ဓဂါယာရှိ ညောင်ပင်ရင်းတွင် သဗ္ဗညုတ္တဥာဏ်တော်ကိုရတော်မူပြီး ဗုဒ္ဓအဖြစ် ပွင်ခဲသည်။ ထိုနောက် ပဉ္စဝဂ္ဂီ ၅-ဦးတို့အား တရားဦးဟောရန် ဥတ္တာရ်ပရာဒေရှ်ပြည်နယ် ဗာရာသီမြို့ အနီးရှိမိဂဒါဝုန်အရပ်သို့ ကြွတော်မူလေသည်။ 

    မိဂဒါဝုန်တွင် “ဓမ္မစက္ကပဝတ္တနသုတ်” ဓမ္မစကြာတရားတော်ကို ဟောကြားပြီးနောက် ဘုရားဖြစ်ကြောင်းဝန်ခံခဲရာမှ ဗုဒ္ဓဟူသော”ဘုရားရတနာ” ဖြစ်လေတောသည်၊ ထိုနောက် “အနတ္တ လက္ခဏသုတ်” သုတ်တော်ကိုဆက်လက်ဟောကြားခဲရာ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ပဉ္စဝဂ္ဂီ ၅-ဦးတို့ ရဟန္တာဖြစ်ကြလေသည်၊ ထိုနေ့ကား ဗုဒ္ဓဘာသာသမိုင်းတွင် “ရဟန္တာ” နေ့ဟုတွင်ခဲလေသည်၊ သို့ဖြစ်၍ မိဂဒါဝုန် ဓမ္မစကြားကုန်းကား၊ ဗုဒ္ဓ၏တရားတော်များရှိလာ၍ “တရားရတနာ”ကိုစတင် ပေါ်လာသည့်နေရားလေးဖြစ်လေသည်။ အလားတူပင် ဗုဒ္ဓ၏တရားတော်ကြောင့် ပဉ္စဝဂ္ဂီ ၅ ဦးတို့သည် ရဟန္တာများအဖြစ်လည်းကောင်း၊ ယဿ သတိုးသားနှင့် အပေါင်းအပါ ၅၅ ဦးတို့ လူသားရဟန်းများ အဖြစ်လည်းကောင်း ဖြစ်လာကြ၍ ၆၀ ဦးသော“သံဃာရတနာ”လည်းဤမိဂဒါဝုန်၌ စတင်ပေါ်လာတော့သည်၊ သို့ဖြစ်၍ မိဂဒါဝုန်ကား”ရတနာသုံးပါ” စတင်ရာ နေရာဖြစ်၍ ထူးမြတ်သောနေရာဖြစ်ပေသည်။

မဇ္ဈိမတရားဝိုင်း