• ဓမ္မရာဇိကစေတီတော်


              အသောကကျောက်စာတိုင်နှင့် ဤပင်မစေတီတော်ကြီးတို့ နီးကပ်စွာတည်ရှိခြင်းသည် ဤနေရာတော်မှ ဗုဒ္ဒရှင်တော်မြတ်၏ ပထမ ဦးဆုံးတရား ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောသည့်နေရာဟု အသိအမှတ်ပြုသည် ဓမ္မရာဇိကစေတီဖြစ်ကြောင်းသေချာစေ၏။ ဟူယင်ဆန်ဖူးမြှော်ရစဉ်က ဤစေတီသည် မီတာ ၃၀ ထက်ပိုမြင့်သည်။ တစ်ချိန်က တင့်တည်သပ္ပါယ်တော်မူခဲ့ပါသည် ဤ (ဓမ္မရာဇိကစေတီ) အဆောက်အအုံး၏ အုပ်မြစ်များသည် သာလျှင် ယခုအချိန် ဝမ်းနည်းဖွယ်ရာ ကျန်ရှိသေးတော့သည်။
              နှစ်ကာလအတန်ကြားပြီးနောက် ကန်နင်ဟန်သည် ဤဆင်းတုတော်အကြောင်း ကြားသိရသောအခါ ရေးထားသည့်စာတန်းကို ဖတ်ရှုနိုင်ရန် ယင်းဆင်းတုတော်ကို
    ရှာပုံတော်ဖွင့်ခဲ့သည်။ နောက်ဆုံး ကန်နင်ဟမ် အောင်မြင်သွားခဲ့သည်။ ယင်းဆင်းတုတော်သည် တရားဟောတော်မူဟန် ဗုဒ္ဒဆင်းတုတော်ဖြစ်ကြောင်း တွေ့ရှိရပြီး ရေးသားထားသည့်စာတန်တွင်  စေတီတော်ကိုပြန်လည်ပြုပြင်ပြီး ဆီမီတိုင်များနှင့် (စေတီတော်ကို) တန်ဆာဆင့်သည့် ခေါင်းလောင်းများလူဒါန်ခဲ့သူ ဘင်္ဂါလီဘုရင်တစ်ပါး ဖေါ်ပြထားသည်။ ကန်နင်ဟမ်သည် စေတီတော်ကို ဖြိုဖျက်စဉ်က တွေ့ရှိခဲ့သည့် ကျောက်သေတ္တာကိုလည်း ပြန်လည်ရရှိရန်စွန်နိုင်ခဲ့သည်။

မဇ္ဈိမတရားဝိုင်း