• သူတော်ဦးနုဆုံးမစာ

    ဖတ်ဖူးကြမယ် ထင်ပါတယ် ဖတ်ဖူးရင်တော့ တောင်းပန်ပါတယ်
    မဖတ်ဖူးသူတွေအတွက်ပါ

    သေရည်ကိုမသောက်နှင့်၊ ရေကြည်ကိုမနှောက်နှင့်၊
    သေရည်ကို သောက်က၊ အပါယ်ဘုံသို့ကျတတ်သည်၊
    ရေကြည်ကိုနှောက်က၊ အနည်မှုန်တို့ ထတတ်သည်။

    ထင်တိုင်လည်း နှိပ်၍မဆိုနှင့်၊ ဝင်တိုင်းလည်းသိပ်၍ မမျိုနှင့်၊
    ထင်တိုင်းနှိပ်၍ဆိုက၊ ရန်အသွယ်သွယ်များတတ်သည်၊
    ဝင်တိုင်းသိပ်၍မျိုက၊ အန္တရာယ်များတတ်သည်။


    ဆရာပြောသမျှကို အပြီးမမှားလေနှင့်၊ အနာရောဂါကို မကြီပွါးစေနှင့်၊
    ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်၊
    အနာရောဂါကို ကြီးထွာစေက ဒုက္ခရောက်တတ်သည်။

    စကား စကားပြောဖန်များ၊ စကားထဲကဇာတိပြ၍၊မာနတံခွန်ထူတတ်သည်၊
    တရား တရား ဟောပါများ၊ တရားထဲက ပါဠိရ၍ ဒါနအလွန်လှူတတ်သည်။

    အဟုတ်အမှန်ကိုလည်း သိမှ၊ အလုပ်အကြံလည်း ရှိမှ၊
    အဟုတ်အမှန်ကိုသိက၊ သံသရာဘေးပ၍ အနေကြွယ်ဝမည်၊
    အလုပ်အကြံရှိက ဆန်ရှာရေးလှ၍၊ အခြေတည်ကြမည်။

    မတော်ဘဲကို မဝယ်နှင့်၊ မခေါ်ဘဲကို မလည်နှင့်၊
    မတော်ဘဲဝယ်လေက၊ အပြာဓန ရှုံးတတ်သည်၊
    မခေါ်ဘဲကိုလည်ချေက၊ မကြာခဏ မုန်းတတ်သည်။

မဇ္ဈိမတရားဝိုင်း