သာသနာ့အာဇာနီလောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ တို့မှ
၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲသည်။.....
ညီအစ်ကိုမောင်နှမှသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင် ဘကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင် သျှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခဲသည်။ ထိုနောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်ပကန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင် ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခဲသည်။
သီရိလင်္ကာနိုင်ငံသား အသျှင်အနာဂါရိယဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ သျှင်သာမဏေဘဝဖြင့်ပင် ၁၈၉၀ ခုနှစ်၊ နိုဝင်ဘာလ (တန်ဆောင်မုန်းလ)တွင် အစိုးရအရာရှိ ဦးသာဒိုးဝေနှင့် ပြည်တွင်းအခွန်အရာရှိတဦး လိုက်ပါပို့ဆောင်၍ အိန္ဒယနိုင်ငံသို့ ရောက်ရှိလာခဲသည်။ ထိုနောက် ရည်မှန်းချက်ကြီးမားစွာဖြင့် ဟန္ဒီ၊ သက္ကစသော ဘာသန္တရစာပီများကို အားကြိုးမာန်တက် လေ့လာသင်ယူခဲပြီး ၁၂၆၉ ခုနှစ်၊ တပို့လဆန်း (၉)ရက်နေ့တွင် ကုန်သည်ကြီး ဦးရွှေစားဦး ဒေါ်မိချမ်းတို့၏ ပစ္စယာနုဂ္ဂဟတို့ဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပင်းဝါမြို့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲသည်။
٭ ဗုဒ္ဓဘာသာ လုံလုံးလျားလျား ကွယ်ပျောက်နေခဲသော မိဇ္ဈိမဒေသ အိန္ဒိနိုင်ငံ၌ အခက်ခဲ့ပေါင်းများစွာကို ရင်ဆိုင်လျက် ဘ၀တစ်ခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခဲသည်။
٭ ရတနာဂီရိတွင် သီပေါမင်းကြီးနှင့် အိန္ဒိနိုင်ငံ၌ သာသနာရေးကိစ္စများကို အကြိမ်ကြိမ် ဆွေးနွေးတော်မူခဲသည်။
٭ သံဝေဇနိယဌာနများတွင် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်
ကြီးကျောင်းများကိုတည်ဆောက်တော်မူခဲ့သည်။
٭ ကုသိနာရုံတွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီ ကောလိပ်ကျောင်းကို ဖွင့်ပေးခဲပြီး အခမဲ့ ဆေးပေးခန်းများကိုလည်း ဖွင့်ပေးခဲသည်။
٭ ဓမ္မပဒ၊ မဟာသတိပဌာနသုတ်၊ အနတ္တလက္ခဏာသုတ်နှင့် သိဂိ င်္တိသုတ်တို့ကို ဟိန္ဒီဘာသာသို့လည်းကောင်း၊ ”သောရောဒယ”နှင့်”အဉ္ဇနနိဒါန်း အမညရှိ စာအုပ်
များကို သက္ကတဘာသာမှ မြန်မာဘာသာသို့လည်းလောင်း၊ ဒေသခံများ သာသနာပြုရာ
တွင် လွယ်ကူချောမွဲစီရန် အခြားစာ အုပ်များကို ဟိန္ဒီဘာသာသို့လည်းကောင်း ပြန်
ဆိုရေးသားတော်မူခဲသည်။
٭ ဘိက္ခုသစ္စ၀ံသ၊ စာပီပညာသျှင်ဒေါက်တာရာဟုလာသံကိစ္စည်း၊ ဒေါက်တာ ဗုဒ္ဓရက္ခိတ၊ ဘိက္ခုကဿပ(ယ္ခုနာလန္ဒာတက္ကသိုလ်၏ဖေါင်ဒါ)၊ ဘိက္ခုအာနန္ဒာကောသလ္လ၊
ဘိက္ခု အဉ္ဇုတာနန္ဒနှင့် ဘိက္ခုပညာဝံသစသော အိန္ဒိယနိုင်ငံသား ပညာတတ်တပည့်
ရဟန်းတော်များ မွီးဖွားထုပ်ပေးခဲပါသည်။
٭ မြန်မာနိုင်ငံတွင်ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိန္ဒိယရဟန်းတော် များ၏ကိုယ်စား ကြွရောက်တော်မူခဲပြီး၊ ၁၉၅၅-ခုနှစ်တွင် ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင် ကျင်းပခဲသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးသို့လည်းတက်ရောက်တော်မူခဲသည်။
٭ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ ၁၄-ရက်နိ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရား ရေးရာဝန်ကြီး ဒေါက်တာ အမ္ဗေဒကာ အပါအ၀င် အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၆- သိန်းကျော်တို့အား အိန္ဒိယနိုင်ငံ နာဂပူမြို့၌ဗုဒ္ဓဘာသာအဖြစ်သို့ သွင်းယူတော်မူခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ကမ္ဘာသူ ကမ္ဘာသားများကို အံ့သြကြပြီးပြုမှုများကို အကြီးအကျယ်ရရှိ တော်မူခဲလည်သည်။
ဤမျှကြီးကျယ်သော သာသနာပြုလုပ်ငန်းများ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲသော ကမ္ဘာ့သာသနာပြုဆရာတော် ဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်မြတ်သည် ၁၉၇၂ ခုနှစ်၊ မေလ (ဂ)ရက်နဲ့တွင် အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြန်မာ ကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲပါသည်။ ဆရာတော်ဘုရားပျံလွန်တော် မူခြင်းကြောင့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ၊ ကြီးနန်းစာဖြင့် (၅၆၉)စောင်နှင့်၊ လက်ရေးမူဖြင့် (၇၀၉)စောင်ရို့ကို ပို့ပဲခဲ့ပါသည်။
ထို (၁၂၇၈)စောင်သော ၀မ်းနည်းမှုသ၀ဏ်လွှာများရောက်ရှိလာခြင်းက ဆရာ
တော်ဘုရားကြီးအား ကမ္ဘာကမည်ရွှေ့မည်မျှလေးစားကြည်ညိုကြသည်၊ မည်ရွှေ့မည်မျှ
တန်ဖိုးထားကြသည်ကို သက်သီသာဓက မီးမောင်းထိုးပြခြင်းပင်ဖြစ်ပါသည်။